Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဧရာဝတီ ၂၅နှစ်ပြည့်အတွက် သရုပ်ဆောင်ဒိန်းဒေါင်ရဲ့ ဆုတောင်းစကား

$
0
0

ဧရာဝတီသတင်းဌာနရဲ့ ၂၅နှစ်ပြည့် အထိမ်းအမှတ် နှစ်ပတ်လည်နဲ့ ပတ်သက်ပြီး ဟာသ သရုပ်ဆောင်ဒိန်းဒေါင် ရဲ့ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။

“ဧရာဝတီ၂၅နှစ်ပြည့်ချိန်မှစပြီး နှစ်ပေါင်း၂၅၀တိုင်အောင် မြန်မာနိုင်ငံကြီးမှာ အောင်မြင်ကျော်တဲ့ မီဒီယာကြီး ဖြစ်ပါစေလို့ ဆုတောင်း ပေးပါတယ်။ မီဒီယာတွေက ကျနော်တို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ထင်တယ်” လို့ ဒိန်းဒေါင်က ဆုတောင်းစကားဆိုပါတယ်။

ဆက်လက်ပြီး အွန်လိုင်းမီဒီယာများ များပြားလာတဲ့အတွက် သရုပ်ဆောင်များရဲ့ သတင်းရေးတဲ့အခါ အပြောဆိုခံရအောင် မရေးရင် ပိုအဆင်ပြေမယ်ဆိုပြီး ဆိုပါတယ်။

“ကျနော်တို့ဖြေထားတဲ့ စကားတွေကို ခေါင်းစဉ်ကြီးတွေတပ်ပြီး အတိုအစလေးတွေ တင်တာ ကျနော်တို့လို အနုပညာရှင် သမားတွေ အတွက် အငြိုငြင်ခံရတယ်။ အဆဲခံရတာတွေ အများကြီးရှိတယ်”

“ ကျနော်တို့ပြောထားတာကို အစအဆုံးပြလိုက်ပေါ့။ အဲ့လို မပြဘဲ လိုချင်တဲ့ ပွိုင့်လေးရောက်မှတင်လိုက်တာတွေ အရမ်းခံစားရတယ်။ အဲ့ဒီအွန်လိုင်းမီဒီယာတွေကနေ တော်တော်များများကြုံဖူးတယ်။ အဲ့တော့ ပရိသတ်က ဒီကောင်ဘာမလို့လဲဆိုပြီး ဆဲခံရပြန်ရော။ အဲ့စာတန်းလေးတကြောင်းက လူတယောက်အသည်းကို ဘယ်လောက် ထိခိုက်လဲ ဆိုတာ မသိဘူး။ မစားနိုင်မသောက်နိုင်နဲ့ အဲ့အကြောင်းကြီးစဉ်းစားပြီးတော့ အများကြီးအရမ်းခံစားရတယ်။ ဘာပဲလုပ်လုပ် ဘာပဲပြောပြော အဲ့နေရာမှာငါသာဆိုရင် ဆိုတဲ့ စိတ်လေးကိုမွေးကြပါ” လို့ ပြောချင်ပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး ထိုချိန်မှ စတင်ကာ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနိုင်ငံ အရှေ့တောင်အာရှရေးရာ သတင်း၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာအာဘော်များဖြင့် စာဖတ်ပရိသတ်၏ယုံကြည်ကိုးစားသော သတင်းဌာနဖြစ်လာခဲ့ပါတယ်။

The post ဧရာဝတီ ၂၅နှစ်ပြည့်အတွက် သရုပ်ဆောင်ဒိန်းဒေါင်ရဲ့ ဆုတောင်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...