Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင် ဒေါ်စံပယ်၏ ရုပ်အလောင်းကို ယနေ့ မီးသြင်္ဂိုဟ်မည်

$
0
0

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဒေါ်စံပယ်ဟာ အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၃ နာရီခန့်က မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီး ယနေ့၊ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ မီးသြင်္ဂိုဟ်သွားမယ်လို့ ဒေါ်စံပယ်ရဲ့ သားဖြစ်သူ ကိုနန္ဒက ဧရာဝတီကို ပြောပါတယ်။

“အမေက နှလုံးကလည်း မကောင်းဘူး။ ကျောက်ကပ်ကလည်း မကောင်းဘူး။ ဆီးပိုက်ကလည်း ထည့်ထားရတယ်။ အစာလည်း မစားဘူး။ စကားလည်း သိပ်မပြောနိုင်ဘူး။ အမေ့မှာ သားတယောက်ပဲရှိတော့ ဆေးရုံစောင့်ဖို့တွေလည်း အခက်အခဲရှိတယ်။ ရုံးဆင်းလိုက်၊ အမေ့ဆီ ပြေးလာလိုက် လုပ်နေရတယ်”လို့ ဒေါ်စံပယ်ရဲ့ သားဖြစ်သူက မိခင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဧရာဝတီကို ဖြေဆိုခဲ့ဖူးပါတယ်။

ဒေါ်စံပယ်ကတော့ သေဆုံးသွားတဲ့အချိန်က နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လခန့်ကလည်း ဒေါ်စံပယ် ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ သတင်းများထွက်ခဲ့ပါသေးတယ်။

“အမေ့ကို ဒီနေ့ ညနေ ၃ နာရီမှာ အသုဘချမှာပါ၊ အမေက လပြည့်နေ့ မနက် ၃နာရီက ကွယ်လွန်ခဲ့တာပါ။ အသုဘ ဒီနေ့ချရင် ရုပ်ရှင်အစည်းအရုံးကလည်း လိုက်ပို့ပေးမယ် ပြောပါတယ်” လို့ သားဖြစ်သူ ကိုနန္ဒက ဆိုပါတယ်။

ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့ သရုပ်ဆောင်တယောက် အနေနဲ့ နှစ်ကာလ အတော်ကြာ ရပ်တည်လာခဲ့တဲ့ ဒေါ်စံပယ်ကတော့ ရောဂါဝေဒနာကို အချိန်ကာလအတော်ကြာ ခံစားခဲ့ရပါတယ်။

ဒီလို ဝေဒနာခံစားနေရတဲ့အချိန်မှာတော့ အနုပညာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းကူညီမှုမျာ းရှိခဲ့ပြီး အဓိကကူညီပေးခဲ့တာကတော့ “စာနာစိတ်” ပရဟိတ အသင်းအဖွဲ့လို့ သိရပါတယ်။ သေဆုံးချိန်မှာ အသက် ၆၀ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်စံပယ်က တခါက “အမေများအဖွဲ့” ရဲ့ အဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်ပါတယ်။

The post သရုပ်ဆောင် ဒေါ်စံပယ်၏ ရုပ်အလောင်းကို ယနေ့ မီးသြင်္ဂိုဟ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ...


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


TTA Oreo Gapp Installer


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်