Disney ရုပ်ရှင်ထုတ်လုပ်ရေးဟာ နာမည်ကျော် “Pirates of the Caribbean” ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ပြန်လည် ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ အဲဒီ စတူဒီယိုဟာ မင်းသား Johnny Depp၊ မင်းသား Orlando Bloom နဲ့ မင်းသမီး Keira Knightly တို့ပါဝင်ထားတဲ့ ၂၀၀၃ ခုနှစ်က ပထမဆုံးရုပ်ရှင် “The Curse of the Black Pearl” က အစပြုလို့ ရုပ်ရှင် ၅ ကားဟာ ဒေါ်လာ ၄ ဘီလီယံကျော် ရရှိခဲ့ပြီးတဲ့နောက် အခုလိုမျိုး ပြန်လည်ရိုက်ကူးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။
Disney စတူဒီယိုဟာ “Deadpool” ရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Rhett Reese နှင့် Paul Wernick တို့နှင့် ဇာတ်ညွှန်းပိုင်းဆိုင်ရာအတွက် တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးရဲ့ “Zombieland” နဲ့ “6 Underground” တို့လိုမျိုး ရုပ်ရှင်တွေ အောင်မြင်ချိန်ရခဲ့ကတည်းက စတင်ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Reese နဲ့ Wernick တို့ဟာ “Dead Man’s Chest” ရုပ်ရှင် အပါအဝင် ပထမရုပ်ရှင် ၄ ခုကို ဇာတ်ညွှန်းရေးသားခဲ့ပြီးတဲ့ Ted Elliot နဲ့ Terry Rossio တို့လက်ကနေ ဇာတ်ညွှန်းပိုင်းဆိုင်ရာကို လွှဲပြောင်းရယူမှာဖြစ်ပါတယ်။ ပဉ္စမမြောက် နောက်ဆက်တွဲ ရုပ်ရှင် “Dead Men Tell No Tales” ကို Jeff Nathanson က ဇာတ်ညွှန်း ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။
Kaya Scodelario နဲ့ Brenton Thwaites တု့ိ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အဲဒီ ပဉ္စမမြောက် ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၁၇၂ သန်းသာ ရရှိခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး အရင်ရုပ်ရှင် ၄ ခုလုံးက တခုစီကို ဒေါ်လာ သန်း ၃၂၀ ဆီရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ငွေဝင်ကောင်းတဲ့ အဲဒီရုပ်ရှင်တွေရဲ့ မူရင်း ထုတ်လုပ်သူ Jerry Bruckheimer ကတော့ ထုတ်လုပ်သူနေရာမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး ရည်မှန်းချက်တွေကို အမှန်အတိုင်းဖြစ်အောင် အသက်သွင်းမယ်လို့ဆိုထားပါတယ်။
ဒါပေမယ့် မင်းသား Depp ကတော့ ယစ်ထုပ်ကြီး ကပ္ပတိန် Jack Sparrow အဖြစ် ပြန်လည် ပါဝင်ဦးမှာလား ဆိုတာကတော့ အတည်မပြုရသေးဘူးလို့ သိရပါတယ်။
Ref: asiaone
The post “Pirates of the Caribbean” ရုပ်ရှင်များကို Disney က ပြန်လည် ရိုက်ကူးမည် appeared first on ဧရာဝတီ.