Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Creed (2015) ရဲ့ နောက်ဆက်တွဲရုပ်ရှင် Creed II ထွက်ရှိလာတော့မည်

$
0
0

အမေရိကန် အားကစားရုပ်ရှင်တကားဖြစ်တဲ့ Creed ကို ဒါရိုက်တာ Steven Caple Jr. က ရိုက်ကူးခဲ့ပြီး Rocky အဖြစ် နာမည်ကြီးခဲ့သူ မင်းသားကြီး Sylvester Stallone နဲ့ Juel Taylorတို့က ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

Rocky ရုပ်ရှင်ရဲ့ လွှမ်းမိုးမှုတွေပါဝင်နေပြီး အခု Creed နဲ့ Creed II ဟာလည်း Rocky လို နောက်ဆက်တွဲ ရုပ်ရှင်ပေါင်း များစွာနဲ့ ဆက်လက်ထွက်ရှိလာဖို့ အစီအစဉ်တွေရှိတယ်လို့လည်း သိရှိရပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Black Panther မှာ ဗီလိန်အဖြစ်ပါဝင်ခဲ့တဲ့ Michael B. Jordan , Sylvester Stallone နဲ့ Tessa Thompson တို့အပြင်အခြားသော သရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

ပုဂ္ဂိုလ်ရေးစိတ်ခံစားမှုနဲ့ ဘဝတခုလုံးမှာ အရေးကြီးဆုံးပွဲအဖြစ် Adinos Creed ရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေနဲ့အတူ ရုပ်ရှင်ကို ခင်းကျင်းထားမှာဖြစ်ပြီး Ivan Drago ရဲ့ သားဖြစ်သူနဲ့ ထိုးကြိတ်ရမှာ ဖြစ်ပါတယ်။ Ivan Drago ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က ကြိုးဝိုင်းထဲမှာ Creed အဖေကို အနိုင်ရရုံတင်မဟုတ်ဘဲ သတ်ပစ်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

Creed II ဟာ လက်ဝှေ့ချန်ပီယံ တယောက်ကို ဘယ်လိုအရာတွေက ပထမနေရာကို ရစေခဲ့သလဲဆိုတဲ့အကြောင်း ပြန်လည်တွေ့ရှိပုံကို ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ လူတယောက်ဟာ ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် ၊ ဘယ်လို အလုပ်အကိုင်မျိုးကိုပဲ လုပ်ကိုင်နေပါစေ သူဟာ သူ့ ရဲ့ သမိုင်းကနေ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိကြောင်းကိုလည်း တစိတ်တပိုင်း ဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။

Warner Bros ကနေ နိုဝင်ဘာ ၂၁ ၊ ၂၀၁၈ ခုနှစ်မှာ တကမ္ဘာလုံးကို ဖြန့်ချိမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာတော့ Metro-Goldwyn-Mayer က ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

Official Trailer ထွက်ရှိထားတာဖြစ်တဲ့အပြင် Creed ကို ကြိုက်နှစ်သက်သူ လက်ဝှေ့အားကစားကို ဝါသနာပါတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်တော့ Creed II ဟာလည်း ရသ တစုံတရာကို ပေးစွမ်းနိုင်မှာဖြစ်တာကြောင့် စောင့်ကြည့်ကြဖို့ ကြိုတင်ညွှန်းဆိုပေးလိုက်ပါတယ်။

The post Creed (2015) ရဲ့ နောက်ဆက်တွဲရုပ်ရှင် Creed II ထွက်ရှိလာတော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...