Quantcast
Viewing all articles
Browse latest Browse all 7343

Miss Grand International 2018 ပါရာဂွေးအလှမယ် ဆုရရှိပြီး သတိမေ့လဲကျခဲ့

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြုလုပ်ကျင်းပတဲ့ Miss Grand International 2018 ပွဲမှာတော့ Miss Grand International ဆုကို ရရှိခဲ့တဲ့ ပါရာဂွေးအလှမယ်ကတော့ ဆုရရှိကြောင်း ကြေငြာခဲ့ပြီးနောက်မှာ သတိမေ့လဲ ကျသွားခဲ့ပါတယ်။

Miss Grand International ဆုရှင် ပါရာဂွေးနိုင်ငံကိုယ်စားပြု အလှမယ် ကလာရာဆိုဆာဟာ စင်မြင့်ထက်မှာ ဆုရရှိသူကို ကြေငြာစဉ်မှာပင် မိနစ်ပိုင်းခန့် လဲကျခဲ့တာ ဖြစ်ပါတယ်။

Miss Grand International 2018 ရဲ့ Winner ဆုကိုတော့ ပါရာဂွေးနိုင်ငံက အလှမယ်က ရရှိခဲ့ပြီး 1st Runner Up ကိုတော့ အိန္ဒိယ၊ 2nd Runner Up ကိုတော့ အင်ဒိုနီးရှား ၊ 3rd Runner up ကို Puerto Rico နဲ့ 4th Runner up ကိုတော့ ဂျပန်နိုင်ငံတို့က ရရှိခဲ့ပါတယ်။

Miss Grand International 2018 Grand Final ပွဲကြီးကိုတော့ အောက်တိုဘာလ ၂၅ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ The One Entertainment Park မှာ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် Miss Grand International 2018 ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ် ဆုမြတ်ဖူးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Nation Costume မှာတော့ ဆန်ခါတင်ဝင်ခဲ့ပါတယ်။

စစ်ပွဲနဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး ခေါင်းစဉ်နဲ့ ပြုလုပ်ကျင်းပတဲ့ Miss Grand International ပွဲကတော့ ယခုနှစ်မှာဆိုရင် ၆ ကြိမ်မြောက် ရှိခဲ့ပြီး ၂၀၁၇ခုနှစ်မှာလည်း မြန်မာနိုင်ငံမှ ကိုယ်စားပြုအလှမယ် အေးချမ်းမိုးက ယှဉ်ပြိုင်ခဲ့ပါတယ်။

The post Miss Grand International 2018 ပါရာဂွေးအလှမယ် ဆုရရှိပြီး သတိမေ့လဲကျခဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...