သက်ကြီးရွယ်အိုများနဲ့ အကူအညီ လိုအပ်နေတဲ့သူများကို လှူဒါန်းဖို့အတွက် ရည်ရွယ်ပြီး My Music Entertainment မှ တတိယအကြိမ်အဖြစ်ပြုလုပ်ကျင်းပမယ့် “မလွန်ဆန်နိုင်သော သဘာဝအမှန်တရား” ရန်ပုံငွေဂီတကုသိုလ်ပွဲ ကို နိုဝင်ဘာလမှာ ပြုလုပ်ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီဖျော်ဖြေပွဲကိုတော့ နှစ်စဉ်ကျင်းပလာခဲ့တာ ၃နှစ်ရှိခဲ့ပြီဖြစ်ပြီး ယခုနှစ်မှတော့ နိုဝင်ဘာလ ၃ရက်နေ့မှာ ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။
“မလွန်နိုင်သော သဘာဝအမှန်တရား” ဖျော်ဖြေပွဲမှ ရရှိမယ့် ငွေကြေးများကိုတော့ သန်လျင်မြို့နယ်မှာရှိတဲ့ သဘာဝတရားရိပ်သာကို လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ မလွန်ဆန်နိုင်သောသဘာဝအမှန်တရား” ရန်ပုံငွေ ဂီတကုသိုလ်ပွဲမှာ မေတ္တာနဲ့ ပေးသွားမယ့် နိုင်ငံကျော်အနုပညာရှင်များစွာက ပါဝင်ေ်ဖျာ်ဖြေကြမှာ ဖြစ်ပါတယ်။
သူတို့ကတော့ အဆိုတော် ဇော်ဝင်းရှိန်၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ တူးတူး၊ မွန်းအောင်၊ ဂရေဟမ်၊ ရင်ဂို၊ မာရဇ္ဇ၊ ဘိုဖြူ၊ R ဇာနည်၊ ဇော်ပိုင်၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဖိုးပြည့်၊ ဂျောစီ၊ တိုးခိုင် ၊ မေခလာ၊ ကော်နီ၊ ချောစုခင်၊ အိုင်းရင်းဇင်မာမြင့်၊ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်၊ ထိုက်ထိုက်၊ နန့်ချစ်နဒီဇော်၊ ဝိုင်းလေး၊ ပန်းရောင်ခြယ်၊ Jewel ၊ ယွန်း၊ နော်ဂျက်၊ ကြာညိုသွယ်၊ ယုဝေဖြိုး တို့ ဖြစ်ကြပါတယ်။
ပါဝင်ကူညီတီးခတ်ပေးသွားမယ့် အတီးပညာရှင်တွေအနေနဲ့ကတော့ Lucky Hand Band ၊ My Music ဂီတညီအကိုမောင်နှမများ၊ Future Music Band, Creator Music Band (မြင်းခြံဂတုံးညီအစ်ကို)၊ Angery Birds Music Band (အမြင်အာရုံချို့တဲ့ဂီတပညာရှင်လေးများအဖွဲ့) တို့ပဲဖြစ်ကြပါတယ်။
ဂီတကုသိုလ်ပွဲရဲ့ လက်မှတ်များကိုတော့ ၂သောင်း ကျပ် ၊ ၁သောင်းကျပ် နှင့် ၅ထောင်ကျပ်ဖြင့် My Garden စားသောက်ဆိုင် ၊ မန်းသီရိတေးသံသွင်း ၊ သန်လျင်သဘာဝတရားရိပ်သာရှိ ဆရာတော်ဘုရားစံကျောင်း (ဓမ္မရာဇာဆောင်) အစရှိတဲ့နေရာတွေမှာ ဝယ်ယူနိုင်ပြီး အလှူခံကောင်တာကို ပွဲကျင်းပမည့်နေ့တွင်ညနေ (၃) နာရီမှစတင်၍ ထားရှိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
The post “မလွန်ဆန်နိုင်သော သဘာဝအမှန်တရား” ရန်ပုံငွေဂီတကုသိုလ်ပွဲ ကျင်းပမည် appeared first on ဧရာဝတီ.