Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စက်ရုပ်တွေနဲ့ ကမ္ဘာ (သို့မဟုတ်) The Next Gen

$
0
0

ဒီတခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ “The Next Gen” လို့ ခေါ်တဲ့ Animation ဇာတ်ကားလေးပါ။ ဒီဇာတ်ကားဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပြီး ဇာတ်ကားရဲ့ Rating ကတော့ IMDb မှာ Rating (6.7) ရရှိထားပါတယ်။

ဒီဇာတ်ကားဟာ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ ကနေဒါ နိုင်ငံတို့က ပူးပေါင်းရေးဆွဲထားတဲ့ Animation ဇာတ်ကားဖြစ်လို့ ဇာတ်ကားထဲမှာ အဲဒီ ၃ နိုင်ငံလုံးက ရိုးရာတွေကို ထည့်သွင်းရေးဆွဲထားတာ မြင်တွေ့ရမှာပါ။ ဇာတ်ကားကို Netflix, Alibaba Picture နဲ့ Wanda Group တို့က ကမ္ဘာအနှံ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာကတော့ “9” ဆိုတဲ့ Animation ကို ရိုက်ကူးခဲ့တဲ့ Kevin R.Adams ဖြစ်ပါတယ်။ တခြား နာမည်ကြီး သရုပ်ဆောင်တွေလည်း အသံ ပါဝင်သရုပ်ဆောင်ထားကြလို့ လိုအပ်ချက် တော်တော်နည်းတဲ့ ကားလို့ ပြောလို့ပါတယ်။

ဇာတ်လမ်း အကျဉ်းကတော့ “မေ” လို့ခေါ်တဲ့ ကောင်မလေးဟာ သူမ အဖေရဲ့ စွန့်ပစ်ခြင်းကို ခံရပြီး ကြီးပြင်းလာတာကြောင့် လူတိုင်းကို စိတ်နာနေတဲ့ ကောင်မလေး တယောက်ပါ။ သူတို့တွေဟာ ယနေ့ခေတ်ထက် အများကြီး ပိုမို တိုးတက်တဲ့ခေတ်မှာ နေနေရတဲ့အတွက် သူမရဲ့ မိခင်ကလည်း ခေတ်ရေစီးအတိုင်း စက်ရုပ်တွေနောက်ကိုသာ လိုက်ပြီး သူမကို သိပ်ဂရုမစိုက်နိုင်ပါဘူး။

သနားစရာ မေဟာ လူပီသတဲ့ ဘဝမှာ နေချင်ပြီး စက်ရုပ်တွေကို ဆန့်ကျင်လိုတဲ့ စိတ်ရှိသူ ဖြစ်ပါတယ်။ တနေ့မှာတော့ သူမနဲ့ သူမအမေဟာ မြို့ထဲမှာ ရှိတဲ့ စက်ရုပ်အသစ် မိတ်ဆက်ပွဲကို လာခဲ့ကြပါတယ်။ စက်ရုပ်တွေကို စိတ်မဝင်စားတဲ့ မေကတော့ ပြပွဲဘေးမှာ ရှိတဲ့ ဘောလုံးပွဲကိုသာ အာရုံရောက်နေခဲ့ပါတယ်။

သူမ အမေကလည်း သူမကို ဂရုမစိုက်တာကြောင့် စက်ရုပ်အသစ် မိတ်ဆက်ပွဲကို ဆက်မလိုက်ဘဲ ဘောလုံးကွင်းထဲ သွားဖို့ အနားမှာ ပျံနေတဲ့ စက်ရုပ်တရုပ်ကို ယူစီးပြီး ထွက်ပြေးဖို့ကြိုးစားပါတယ်။ ဒါတွေကို စက်ရုပ်ရဲတွေ မြင်တော့ စက်ရုပ်ရဲတွေက လိုက်ဖမ်းဖို့ ကြိုးစားတာကို လွတ်အောင်ပြေးရင်း မသွားရလို့ ကန့်သတ်ထားတဲ့ အခန်းထဲကို ရောက်ရှိသွားပါတော့တယ်။

အဲဒီ အခန်းထဲမှာ ရှိတဲ့ တပ်ဆင်လက်စ နောက်ဆုံးပေါ်စက်ရုပ်ကို မတော်တဆ ဖွင့်မိရာက စက်ရုပ်နဲ့ မေနဲ့ ခင်မင်ရင်းနှီးဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီနောက်မှာတော့  စက်ရုပ်တွေကို မုန်းတဲ့ မေနဲ့ သူမရဲ့ နောက်ကို တကောက်ကောက်လိုက်နေတဲ့ စက်ရုပ်တို့ရဲ့ သံယောဇဉ်တွေကို ပြုံးပျော်စိတ်လှုပ်ရှားစွာ ကြည့်ရမှာ ဖြစ်ပါတယ်။

7723 လို့ ခေါ်တဲ့ Comic Book ကို အခြေခံပြီး ရိုက်ထားတဲ့ သိပ္ပံနယ်လွန်အက်ရှင် Animation ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒါ့အပြင် မထင်မှတ်တဲ့ Drama အခန်းလေးတွေကြောင့်  Animation ကို ကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေ ကို အနားယူတဲ့ အနေနဲ့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Ref;The Next Gen Movie

The post စက်ရုပ်တွေနဲ့ ကမ္ဘာ (သို့မဟုတ်) The Next Gen appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...