Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရေထဲဆင်းရမယ့် ဇာတ်ဝင်ခန်းကို ကြိုမသိဘဲ ဒါရိုက်တာက Surprise လုပ်လို့ ရိုက်ခဲ့တာပါ

$
0
0

သရုပ်ဆောင် ခွန်းဆင့်နေခြည် ပါဝင်သရုပ်ဆောင်ထားတဲ့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူမက လူနဲ့ သမန်းကျားဆက်ပြီးမွေးထားတဲ့ မိန်းကလေးတယောက်အဖြစ် ကြိုးစားသရုပ်ဆောင်ထားတယ်လို့ မီဒီယာတွေကိုပြောပါတယ်။

”ဒီဇာတ်ကားထဲမှာ ကျမရဲ့ ကာရိုက်တာက လူနဲ့ သမန်းကျားနဲ့ ဆက်ပြီးတော့ မွေးထားတဲ့ လူတမျိုးပေါ့နော်။ အကောင်းဆုံး ဖြစ်အောင်တော့ ပုံဖော်ဖန်တီးထားတာပေါ့နော်။ ဒါရိုက်တာကြီးရဲ့ ဇာတ်၊ ဒါရိုက်တာကြီးရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အစ်မရဲ့ ကြိုးစား အားထုတ်မှုတွေ ပေါင်းပြီးတော့ အကောင်းဆုံးဖြစ်လာတဲ့ အတွက်လည်း ပင်ပန်းရကျိုးနပ်ပါတယ်”

“အရင်တုန်းက ကျမက သရဲဇာတ်ရုပ်တွေ ရိုက်တာများတယ်၊ အက်ရှင်တွေ၊ ဒရာမာတွေ ရိုက်တာများတယ်။ ဒါကလည်း ရသမျိုးစုံ ပါတယ်။ အရုပ်အသံ အားကောင်းကောင်းလေး ဖန်တီးထားတဲ့အတွက် လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ အားလုံးကလည်း ကြည့်ရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်”လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

“မှော်ဝင်သမန်းကျား” ရုပ်ရှင်မှာတော့ ဇာတ်ဝင်ခန်းပီပြင်ဖို့၊ ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ ကျားအစစ်တွေနဲ့ ရိုက်ကူးခဲ့ရတယ်လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

”အဓိကကတော့ ဒီဇာတ်ကားထဲမှာ ကျားအစစ်တွေနဲ့ ရိုက်ဖို့ အစီအစဉ် မရှိဘူးပေါ့နော်။ ဒါပေမယ့် ဒါရိုက်တာကြီးအကြံပြုတယ်။ ဘန်ကောက်မှာ ကျားလိမ္မာတွေ ရှိတယ်ဆိုတော့ ခွင့်ပြုချက်စာ တင်ရတယ်။ ပြီးတော့ ရိုက်ရက် အခက်အခဲတွေ ကြားထဲက ကျားအစစ်တွေနဲ့ သွားရောက် ရိုက်ကူးခဲ့ရတာ အဲ့ဒါမှလည်း ဒီဇာတ်ရုပ်၊ ဒီဇာတ်ဝင်ခန်းတွေက ပျက်သွားမှာစိုးလို့ တကယ့် ကျားအစစ်တွေနဲ့ ရိုက်ခဲ့တာပါ”

“ရေတံခွန်မှာ ရေချိုးခဲ့တဲ့ ဇာတ်ဝင်ခန်းမှာ အကုန်လုံး ချွတ်ချလိုက်တာ မဟုတ်ပါဘူး။ ထမီလေးပဲ ချွတ်ချလိုက်တာပါ။ ရေထဲဆင်းရမယ့် အခန်းကို ကျမ ကြိုမသိထားဘူး။ ဒါရိုက်တာကနေပြီး ရေတံခွန်နားရောက်တော့မှ ဒီအခန်းရိုက်မယ်ပေါ့။ ရိုက်ဖို့ ရေတံခွန်ကိုလည်း ခက်ခက်ခဲခဲ ဆင်းလာခဲ့ရပြီးပြီ။ ဦးမျိုး မရိုက်ရဲဘူးပေါ့။ ဒီဇာတ်ဝင်ခန်းက ဒါမျိုးရိုက်ရမယ်ဆိုတော့ ဒါရိုက်တာ Surprise လုပ်လိုက်တဲ့အတွက် ကိုယ်က သရုပ်ဆောင်ဖြစ်နေတော့ လုပ်လိုက်တယ်” လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

“ကိုယ့်နောက်ကျောမှာလည်း ဒါရိုက်တာနဲ့ စက်အဖွဲ့ပဲရှိတာ။ ရှေ့မှာက တောကြီးဆိုတော့ အဲ့ဇာတ်ဝင်ခန်းကို ရိုက်လိုက်တာပါ။ ကျမ အဲ့လိုမျိုးတွေ မရိုက်ဖူးတော့ အကြာကြီးတော့ ရိုက်ရတယ်။ ဒီဇာတ်ကားကို ကျမ ကိုယ်တိုင် စိတ်တိုင်းကျလို့ ပရိသတ်ကို ချပြတာပါ” လို့ ခွန်းဆင့်နေခြည်က ဆိုပါတယ်။

“မှော်ဝင်သမန်းကျား” ဇာတ်ကားကို ဒါရိုက်တာ မောင်မျိုးမင်းက ရိုက်ကူးပုံဖော်ထားပြီး ရန်အောင်၊ စိုးမြတ်သူဇာ၊ မင်းမော်ကွန်း၊ သူထူးစံ၊ လင်းဇာနည်ဇော်၊ ခွန်းဆင့်နေခြည်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။။

The post ရေထဲဆင်းရမယ့် ဇာတ်ဝင်ခန်းကို ကြိုမသိဘဲ ဒါရိုက်တာက Surprise လုပ်လို့ ရိုက်ခဲ့တာပါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...