တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ အမေရိကန်အဆိုတော် Charlie Puth နဲ့အတူ 2018 MBC Plus X Genie Music Awards (MGA) ဆုပေးပွဲမှာ အတူတူတွဲပြီး ဖျော်ဖြေမှာဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်မှာ 2018 MGA ပွဲစီစဉ်သူတွေက BTS နဲ့ Charlie Puth တို့ဟာ မကြာမီကျင်းပမယ့် ဆုပေးပွဲ မှာ အတူတူဖျော်ဖြေမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ကိုယ်စားလှယ်တဦးက “BTS အဖွဲ့နဲ့ အမေရိကန်အဆိုတော်-သီချင်းရေးသူ Charlie Puth တို့ဟာ 2018 MGA ဆုပေးပွဲမှာ အတူတူ တွဲပြီး ဖျော်ဖြေဖို့ ပြင်ဆင်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
BTS နဲ့ Charlie Puth တို့ဟာ ဆိုရှယ်မီဒီယာပေါ်မှာ တဖက်နဲ့ တဖက် သဘောကျနှစ်ခြိုက်တဲ့အကြောင်း ပြောကြားခဲ့ကြပြီးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်အဆိုတော် Puth က BTS အဖွဲ့ဝင် Jungkook ရဲ့ “We Don’t Talk Anymore” သီချင်းပြန်လည်သီဆိုမှုကို Twitter မှာ သဘောကျ နှစ်ခြိုက်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
သူက “ကျနော် တကယ်ပဲ BTS ရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ပါတယ်” လို့ ပြောကြားလိုက်ပြီး မကြာခင်မှာပဲ BTS အဖွဲ့ကလည်း “ကျနော်တို့က တကယ့်ကိုပဲ Charlie Puth ရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ပါတယ်” လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။
အဲဒီနှစ်နှောင်းပိုင်းမှာတော့ Charlie Puth က BTS အဖွဲ့ကို သူတို့ရဲ့ Twitter မှာ တိုက်ရိုက် မက်ဆေ့ချ် ရယူတဲ့ နေရာကို စစ်ဆေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ပရိသတ်တွေကလည်း နှစ်ဖက်ပူးတွဲသီဆိုမှုတွေ ဖြစ်လာ နိုင်တယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
BTS နဲ့ Charlie Puth တို့ရဲ့ အထူးဖျော်ဖြေတင်ဆက်မှုကို အင်ချွန်းမြို့မှာ ရှိတဲ့ Namdong Gymnasium မှာ နိုဝင်ဘာ ၆ ရက်မှာကျင်းပမယ့် 2018 MGA ဆုပေးပွဲမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
Ref:soompi
The post 2018 MGA ဆုပေးပွဲမှာ အတူတူဖျော်ဖြေကြမယ့် BTS နဲ့ Charlie Puth appeared first on ဧရာဝတီ.