Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင် ကစ်ကစ်အတွက် ကျောက်ကပ် လှူဒါန်းမယ့်သူ အယောက် ၂၀ ခန့်ရှိနေ

$
0
0

ဆီးချိုဝေဒနာကို ပြင်းထန်စွာ ခံစားနေရသလို ကျောက်ကပ်ကလည်း ပျက်စီးနေပြီး နောက်ဆုံးအဆင့်ရောက်ရှိနေတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ကတော့ ရာသက်ပန် ကျောက်ကပ်ဆေးပေးမယ့် ၊ ကျောက်ကပ် အစားထိုး လှူဒါန်းပေးနိုင်မယ့်သူ လိုအပ်နေပြီး အခုလက်ရှိမှာတော့ ကျောက်ကပ်အလှူရှင်ရှိနေပြီလို့ တေးရေးဆရာ မင်းကိုက ဧရာဝတီကို ပြောပါတယ်။

“လက်ရှိကတော့ Facebook မှာ ကျနော်ရေးထားတဲ့ အတိုင်းပါပဲ။ ကျောက်ကပ်အလှူရှင်တော့ ရှိနေပါပြီ။ အယောက် ၂၀ လောက်ကို သေချာတော့ စစ်ဆေးပြီး ရွေးရဦးမှာပါ” လို့ တေးရေးမင်းကို ကပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက သွေးဖောက်စစ်ရာမှ သွေးကြော ရှာမတွေ့ဘဲ တကိုယ်လုံးဖောယောင်နေတာကြောင့် ရန်ကုန်နာရေးကူညီမှုအသင်းက သုခဆေးခန်းမှာ ကုသစစ်ဆေးပေးခဲ့ရတယ်လို့ သိရပါတယ်။

“ဆေးခန်းကနေ ပြန်သယ်လာပြီ ကျောက်ကပ်နဲ့ ပတ်သက်တာက ကုတင် ၅၀၀ မှာပဲ။ အဲ့မှာက ကိရိယာဆေးဝါး စုံလို့လေ။ အခုသွေးအဖြေ ရတာနဲ့ ကုတင် ၅၀၀ မှာ တက်မှာပါ” လို့ တေးရေးမင်းကို က ပြောပါတယ်။ ဝေဒနာရှင် ကစ်ကစ်ကို ကုတင် ၅၀၀ ဆေးရုံမှာ ဗုဒ္ဓဟူးနေ့မှာ တင်ပေးသွားမယ်လို့ သိရပါတယ်။

မကြာသေးမီလပိုင်းက ကျန်းမာရေးဆိုးရွားခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရပေမယ့် ပြန်လည်သက်သာလာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများ ပြန်လည်ရိုက်ကူးခဲ့ပေမယ့် ရောဂါအခြေအနေအရ ပုံမှန်ပြသနေရမှာကို မပြသနိုင်ခဲ့တာကြောင့် အခုလိုဖြစ်တာလို့ သိရပါတယ်။

ကစ်ကစ်ကတော့ ကျန်းမာရေးကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းက မျက်လုံးကွယ်ခဲ့ပြီး အနုပညာအလုပ်များကို ရပ်နားခဲ့ရပါတယ်။ ကစ်ကစ်ဟာ သမီးလေး တယောက်နဲ့အတူ သားအမိ ၂ယောက်တည်း ရပ်တည်နေခဲ့ပြီး သူအလုပ် မရှိဘဲ ကျန်းမာရေးမကောင်းတာဟာ ဒုက္ခအများကြီး ရောက်ရတယ်လို့လည်း သိရပါတယ်။

The post သရုပ်ဆောင် ကစ်ကစ်အတွက် ကျောက်ကပ် လှူဒါန်းမယ့်သူ အယောက် ၂၀ ခန့်ရှိနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...