Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Instagram မှာ Follower အများဆုံးပုဂ္ဂိုလ်နေရာကို ဖယ်ပေးလိုက်ရတဲ့ Selena Gomez

$
0
0

လူမှုကွန်ရက်မီဒီယာတခုဖြစ်တဲ့ Instagram မှာတော့ အဆိုတော် Selena Gomez ထက် Follower များတဲ့ ပုဂ္ဂိုလ်တယောက် ထွက်ပေါ်လာပါပြီ။

အသက် ၂၆ နှစ်အရွယ် Selena ဟာ အချိန် ၂ နှစ်ကြာ ရယူထားတဲ့ Instagram မှာ Follower အများဆုံး ပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ထူးတခုကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ သူ့နေရာကို ဝင်ရောက်လာသူက Instagram မှ သူ့ထက် Follower ၁ သောင်းခွဲကျော်လောက် ပိုများတဲ့ ဘောလုံး အကျော်အမော် ခရစ်စတီယာနိုရော်နယ်ဒိုပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ Instagram အကောင့်မှာ Follower ၁၄၄ သန်းကျော် ရှိထားပါတယ်။

အဆိုတော် Selena က လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေ ခေတ္တအနားယူမယ့်အကြောင်း ကြေညာခဲ့ပြီး မကြာမီမှာပဲ အခုသတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Selena က “ကျမတို့ တယောက်ချင်းစီကို လူမှုကွန်ရက် မီဒီယာကပေးတဲ့ အသံတွေအတွက် ကျေးဇူးတင်ရသလိုပဲ နောက်ပြန်ဆုတ်နိုင်ပြီး ကျမ ရရှိထားတဲ့ အခိုက်အခန့်အတွက် လက်ရှိဘဝကို နေထိုင်ဖို့ကိုလည်း ညီတူမျှတူ ကျေးဇူးတင်ရပါတယ်။ ကြင်နာမှုနဲ့ တွန်းအားတွေအတွက်ကတော့ ခဏတာပါ။ အဆိုးမြင်မှတ်ချက်တွေဟာ လူတိုင်းရဲ့ ခံစားချက်ကို နာကျင်စေနိုင်ပါတယ်” လို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရေးသားခဲ့ပါတယ်။

အဲဒီပို့စ်တင်ပြီးမကြာမီမှာပဲ သူက မကြာသေးမီက ဆေးရုံတက်ခဲ့ရတဲ့နောက်ပိုင်း စိတ်ကျန်းမာရေး ကုသမှု စင်တာကို သွားရောက်ခဲ့ရတဲ့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

သူဟာ Instagram ဘုရင်မနေရာကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လမှာ သူငယ်ချင်းဖြစ်သူ Taylor Swift ထံကနေ လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။ Instagram မှာ Follower အများဆုံးအခြားပုဂ္ဂိုလ်တွေထဲမှာတော့ Ariana Grande က ၁၃၂ သန်း၊ Kim Kardashian က သန်း ၁၂၀ နဲ့ ဘီယွန်းစေးက ၁၁၉ သန်းရရှိထားပါတယ်။ အဆိုတော် Taylor Swift ကတော့ ၁၁၂ သန်းရှိပါတယ်။

Ref: etcanada

The post Instagram မှာ Follower အများဆုံးပုဂ္ဂိုလ်နေရာကို ဖယ်ပေးလိုက်ရတဲ့ Selena Gomez appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...