Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နယူးယောက်မြို့မှာ လက်ထပ်ပွဲကြို ပါတီကျင်းပခဲ့တဲ့ မင်းသမီး Priyanka Chopra

$
0
0

မကြာမီ အမေရိကန်အဆိုတော် Nick Jonas နဲ့ လက်ထပ်ပွဲ မတိုင်မီ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ညက လက်ထပ်ပွဲကြိုပါတီတခုကို ဘောလိဝုဒ်မင်းသမီး Priyanka Chopra ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် အိန္ဒိယမင်းသမီးဟာ နယူးယောက်မြို့မှာရှိတဲ့ Blue Box Café ဆိုင်မှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့အတူ ပါတီပွဲကျင်းပခဲ့ပြီး အဖြူရောင် Marchesa ဝတ်စုံနဲ့ ကျက်သရေရှိစွာ လှပနေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပါတီပွဲကို သတို့သမီး အရံတွေဖြစ်တဲ့ Mubina Rattonsey နဲ့ Anjula Acharia တို့လည်း တက်ရောက်ခဲ့ကြတဲ့ အကြောင်း Us Weekly သတင်းမှာ ဖော်ပြပါတယ်။

သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kelly Ripa, Lupita Nyong’o နဲ့ Priyanka ရဲ့ခဲအိုလောင်း Kevin Jonas နဲ့ ဇနီး Danielle Jonas၊ သူတို့ရဲ့ သမီးလေး Alena တို့လည်း ပါတီပွဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီပါတီပွဲကို ကျင်းပရတဲ့အတွက်လည်း အထူးစိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရတဲ့အကြောင်းလည်း မင်းသမီးက ပြောဆိုပါတယ်။

အဲဒီပါတီပွဲအတွက် စိတ်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ မင်းသမီး Priyanka က အကျီအဝတ်လဲနေချိန် Instagram မှာ ပုံတခုကို ဝေမျှခဲ့ပါတယ်။ သူက “ကျမအသိ မိတ်ဆွေအမျိုးသမီးတွေ မြို့ထဲမှာပျော်မြူးနေကြပါပြီ” လို့ ရေးသားခဲ့ပါတယ်။

အဲဒီပါတီပွဲမှာ ဒီဂျေက ဘောလိဝုဒ် သီချင်းတွေကို ဖွင့်ပေးခဲ့ပြီး ပရိသတ် တော်တော်များများကလည်း သူတို့ရဲ့ ဖိနပ်တွေကို ချွတ်ပြီး သီချင်းနဲ့အတူ လိုက်ပါစီးမျော ကခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ သတို့သမီးအရံတွေကလည်း မင်းသမီး Priyanka ကို ဂုဏ်ပြုတဲ့ မိန့်ခွန်းတွေကို ပြောကြားခဲ့ကြပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ Nick နဲ့ Priyanka တို့ဟာ လာမယ့်ဒီဇင်ဘာလ အိန္ဒိယနိုင်ငံမှာ လက်ထပ်ဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

သူတို့စုံတွဲနှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကစလို့ နယူးယောက်မြို့မှာ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးခဲ့ကြပါတယ်။ သူတို့နှစ်ဦးကို စားသောက်ဆိုင်တခုမှာ တွေ့ခဲ့ကြရပြီး Broadway မှာ တေးသံစုံပြဇာတ်ကို အတူတူ သွားကြည့်နေကြတာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မွမ်ဘိုင်းမြို့က မင်းသမီးရဲ့ အိမ်မှာ ရိုးရာ Roka အခမ်းအနားတခုနဲ့ စေ့စပ်ခဲ့ကြပါတယ်။

Ref: ptinews

The post နယူးယောက်မြို့မှာ လက်ထပ်ပွဲကြို ပါတီကျင်းပခဲ့တဲ့ မင်းသမီး Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...