Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ငွေကြေးချမ်းသာပြီး စိတ်ပူနေရမယ့် ဘဝမျိုးကိုလည်း မလိုချင်ဘူး”

$
0
0

ပရဟိတအလုပ်တွေ လုပ်ကိုင်ရင်း အနုပညာအလုပ်တွေအနေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးလာတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက နိုင်ငံခြားစီးရီးတွဲတွေနေရာမှာ မြန်မာစီးရီးတွဲတွေ ဝင်ရောက်လာတာ ကောင်းတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“နိုင်ငံခြားစီးရီးတွဲတွေနေရာမှာ မြန်မာစီးရီးတွဲလေးတွေ ဝင်ရောက်လာတော့ ကောင်းတာပေါ့။ အလုပ်များတဲ့သူတွေ အတွက်လည်း အဆင်ပြေတယ်။ အခြားနိုင်ငံက ကားတွေကြည့်နေကြတာထက် ကိုယ့်မြန်မာနိုင်ငံက ကားလေးတွေကို ကြည့်ကြတယ်။ ကြိုက်နေကြတာကို ဂုဏ်ယူပါတယ်”လို့ပြောပါတယ်။

ခိုင်နှင်းဝေက လက်ရှိမှာ ဇာတ်လမ်းတွဲ၂ခုကို လက်ခံရိုက်ကူးနေပြီး အရင်ဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့အတွက် ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ကျမ ဇာတ်လမ်းတွဲ ၂ခု ရိုက်နေပါတယ်။ “ကျိန်စာပြယ်” မှာ ပရိသတ်တွေ အားပေးခဲ့ကျလို့ ဝမ်းသာပါတယ်။ ကိုယ့်ဇာတ်ကားလေး လူကြိုက်တယ်ဆိုတော့ ဝမ်းသာရတယ်။ အဲ့ကားရိုက်တုန်းက ကားတိုက်ထားလို့ စိတ်ညစ်နေရတာ။ ပရိသတ်တွေကလူငယ်တွေ အားပေးမယ်ထင်ထားတာ။ လူကြီးလူငယ်တွေက ချစ်ခင်အားပေးကြတော့ ဝမ်းသာရတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

အနုပညာအလုပ်အပြင့် ပရဟိတလုပ်နေရတဲ့အတွက် ကျေနပ်မိတယ်လို့ဆိုပြီး ဒီအပေါ်ကိုလည်း ခိုင်နှင်းဝေက အခုလို ဆိုပါတယ်။

“ကျမအခုလို ပရဟိတလေးတွေ လိုက်လုပ်ပေးနေရတာ ကျေနပ်တယ်။ လူတယောက်က ဘယ်လိုမျိုး ဖြတ်သန်းရမယ်။ အချိန်တွေ ဘယ်လောက်ကျန်မယ်ဆိုတာမသိဘူးလေ။ ကိုယ်ရှိနေ ကျင်လည်နေချိန်မှာ ချမ်းသာနေစရာမလိုဘူး။ ကျမအရမ်းကြီး မချမ်းသာချင်ဘူး။ အခုလည်း မချမ်းသာပါဘူး။ အမေရော ကျမရော ရုန်းကန်နေရတာ။ ဒါပေမယ့် စိတ်ချမ်းသာရတယ်”

“အများပြည်သူပေးတဲ့ မေတ္တာတွေနဲ့ ကျမကောင်းကောင်းအိပ်နိုင်တယ်။ စိတ်ချမ်းသာတယ်။ ပျော်တယ်။ ကျမ သွားလှူတိုင်းလည်း ဆုတောင်းပေးကြတယ်။ ကျမ အဲဒါပဲ လိုချင်တယ်။ အဲ့ကျရင် ကျမက ကျမ တယောက်တည်းကို မပို့နဲ့။ လှူတဲ့ အလှူရှင်တွေကိုပါ ပို့ခိုင်းတယ်။ ကျမက လာလှူရုံနဲ့ ပစ္စည်းဝယ်တာတွေပဲ။ ပိုက်ဆံထုတ်ပေးတာက အလှူရှင်တွေလေ။ အဲ့အတွက် မေတ္တာပို့ခိုင်းတာပါ။ ငွေကြေးချမ်းသာပြီး စိတ်ပူနေရမယ့် ဘဝမျိုးကိုလည်း မလိုချင်ဘူး။ အဲ့အတွက် ဒီဘဝလေးကို ကျေနပ်ပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။

ခိုင်နှင်းဝေဟာ အနုပညာသက်တမ်း ၁၈နှစ် ရှိပြီဖြစ်ပြီး ကလေးသူငယ် လူကုန်ကူးမှုတားဆီးရေး အထူး သံတမန်အဖြစ်လည်း ခန့်အပ်ခံထားရသူတဦးလည်း ဖြစ်ပါတယ်။

The post “ငွေကြေးချမ်းသာပြီး စိတ်ပူနေရမယ့် ဘဝမျိုးကိုလည်း မလိုချင်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...