Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သမီးလေး ကေသရီအနဂ္ဂက အဖေကို ပိုကပ်တယ်”

$
0
0

အဆိုတော် သံသာဝင်းက တဦးတည်းသော သမီးလေး ကေသရီအနဂ္ဂကို မချီဘူးဆိုတဲ့ အွန်လိုင်းပေါ်က ဝေဖန်မှုတွေကို ခံထားရပြီး ဒီအကြောင်းနဲ့ ပတ်သက်လို့ ဧရာဝတီကို အခုလို ဆိုပါတယ်။

“သမီးလေးကို သိပ်မချီဘူး ဆိုပြီးပြောကြတယ်။ လူတိုင်းကတော့ ကိုယ့်အိမ်မှာ ၂၄နာရီလုံး ဖြစ်နေတာတော့ ဘယ်သူက သိနိုင်မလဲပေါ့နော်။ ကျမက သမီးကို မချီတာက သမီးက ဖွံ့တဲ့အထဲမှာ ပါတယ်။ သမီးလေးကို ချီရင် ခါးတွေ အရမ်းနာပြီး လက်တွေကိုက်တယ်။ ညဘက်တွေမှာတော့ ကျမနဲ့ အိပ်ပြီးကြည့်ဖြစ်တယ်။ မနက်ဘက်တော့ ကိုအနဂ္ဂ ကြည့်တယ်။ အဖေနဲ့ဲ ပိုနေတယ်။ အဖေရဲ့ အသည်းလေးလည်း ဖြစ်တယ်။ တအိမ်လုံးရဲ့ အသည်းလေးပေါ့။ တအိမ်လုံးကရော ဟိုဘက်အမျိုး ဒီဘက်အမျိုးအကုန်လုံးက ချစ်ကြတယ်” လို့ သံသာဝင်းက ပြောပါတယ်။

သမီးဖြစ်သူက အခုဆိုရင် အသက် ၁၀ လကျာ်ပြီဖြစ်ပြီး သမီးကို “ကေသရီအနဂ္ဂ” လို့ နာမည်ပေးထားကြောင်း၊ အစားအသောက်လည်း အရမ်းစားပြီး ကိုယ်ခံအားလည်း ကောင်းတယ်လို့ ဆိုပါတယ်။

“သမီးလေးက ငယ်သေးတယ်။ အခုက Step by Step ဖွံ့ဖြိုးနေချိန်ဆိုတော့ နေ့ရော ညရော အဖေရော အမေရော ကြည့်ပေးရတာပေါ့။ ကျမတို့ အပြင်သွားရင်တော့ ဆရာမလေး ကြည့်ပေးတယ်။ အဘိုးအွားတွေလည်း ရှိတယ်။ အရမ်းချစ်ကြတယ်။ အဖေနဲ့လည်း တူတယ်။ အဖေကို အရမ်းကပ်တယ်။ သမီးဖြစ်လို့ ထင်ပါတယ်။ အဖေကို ပိုကပ်တယ်” လို့ သံသာဝင်းက ဆိုပါတယ်။

ဆက်လက်ပြီး သံသာဝင်းက သမီးလေးပုံတွေကို အွန်လိုင်းမှာ မတင်ချင်ပေမယ့် ပရိသတ်အချို့က တင်ခိုင်းတာကြောင့် တင်ပေးဖြစ်တဲ့အကြောင်းကို အခုလိုပဲ ပြောပါတယ်။

“ကလေးပုံလေးတွေ အွန်လိုင်းမှာ မတင်ချင်ဘူး။ သူ့ကို ချစ်တဲ့သူလေးတွေ ပရိသတ်အချို့က တင်ခိုင်းတာရယ်။ ကျမတို့ အမျိုးတွေကလည်း တင်ခိုင်းတာကြောင့် သမီးပုံလေးတွေ တင်ပေးဖြစ်ပါတယ်။ သမီးက သီချင်းတွေအရမ်းတော့ ကြိုက်တယ်။ ငယ်သေးတော့ သိပ်တော့ သူဘာဝါသနာပါမလဲ မသိနိုင်သေးဘူး။ အဘွားအသံကြားရင်တော့ မရဘူး။ ပြန်ခေါ်လို့မရဘူး။ အဘွားအခန်းမှာ သီချင်းနားထောင်ပြီးမှ ပြန်ထွက်လာတယ်။ အဖေရဲ့ Rap သီချင်းတွေလည်း ကြိုက်တယ်” လို့ သံသာဝင်းက ပြောပါတယ်။

အဆိုတော် အနဂ္ဂနဲ့ သံသာဝင်းတို့ရဲ့ သမီးကိုတော့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ(၂၇)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

The post “သမီးလေး ကေသရီအနဂ္ဂက အဖေကို ပိုကပ်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...