Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Miss Asia Global 2018 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် လီဆူတိုင်းရင်းသူ Sara Fish

$
0
0

အိန္ဒိယနိုင်ငံမှာ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ Miss Asia Global ပြိုင်ပွဲကြီးကိုတော့ ယခုနှစ်မှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အနေနဲ့ ကချင်လီဆူတိုင်းရင်းသူလေး Sara Fish က သွားရောက်ယှဉ်ပြိုင်မယ့်အကြောင်းကို ယနေ့ အောက်တိုဘာလ ၃၀ရက်နေ့မှာ မြန်မာပလာဇာရှိ The Coffee Bean မှာ စာနယ်ဇင်းမီဒီယာများကို အသိပေးခဲ့ပါတယ်။

Miss Asia Global 2018 ပြိုင်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ထိ အိန္ဒိယနိုင်ငံ Kochi မြို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Miss Asia Global 2018 ပြိုင်ပွဲမှာတော့ Evening Grown ၊ အနောက်တိုင်းဝတ်စုံ ၊ National Costume ၊ Swim Suit ၊ Sport Round ၊ Talent နဲ့ Body ၊ Beauty ၊ Brain ၊ Knowledge ပိုင်းများကို အဆင့်ဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ အလှမယ်များက လာရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

လီဆူတိုင်းရင်းသူ Sara Fish/မျိုးမင်းစိုး/ဧရာဝတီ

“ညီမ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အများကြီး ကြိုတင်ပြင်ဆင်ထားတယ်။ Talent အနေနဲ့က ညီမက တိုင်းရင်းသူတယောက်ဖြစ်တဲ့အတွက် လီဆူရိုးရာအကကို Talent အနေနဲ့ပြိုင်ဖို့ ပြင်ဆင်ထားတယ်။ ဒီပြိုင်ပွဲမှာက ခေါင်းစဉ် ၂ခုနဲ့ Winner ကိုရွေးချယ်မှာဖြစ်တဲ့အတွက် အများကြီးကြိုးစားနေတယ်။ National Costume ကို မြန်မာ ထိုင်မသိမ်းကို ဝတ်ဆင်သွားဖို့ ပြင်ဆင်ထားတယ်” လို့ Miss Asia Global Myanmar Sara Fish က ပြောပါတယ်။

မြန်မာနိုင်ငံမှ မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် Sara Fish ကတော့ Miss Summer Myanmar 2017 ၊ Miss Universe Naypyitaw 2017 2nd Runner Up ကိုရရှိထားသူတဦး ဖြစ်ပါတယ်။

The post Miss Asia Global 2018 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် လီဆူတိုင်းရင်းသူ Sara Fish appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...