Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သားယောကျာ်းလေးဆို ထိန်းရခက်မှာစိုးလို့ မယူဘူးဆိုတဲ့ Cobra တို့ ဇနီးမောင်နှံ

$
0
0

အနုပညာရှင်အချင်းချင်း ပေါင်းဖက်ခဲ့ကြတဲ့ စုံတွဲများထဲမှ အဆိုတော် Cobra နဲ့ မော်ဒယ် ခင်မဉ္ဇူခိုင် တို့ ဇနီးမောင်နှံ၂ဦးကတော့ လက်ရှိမှာ သမီးလေး ၂ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

သမီးလေးတွေပဲ မွေးထားတဲ့အတွက် သားယောကျာ်းလေး ထပ်မံယူဖို့ရှိမလားကိုတော့ ခင်မဉ္ဇူခိုင်က သားယောကျာ်းလေးဆို ထိန်းရခက်လို့ မလိုချင်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကျမက အစကတည်းက သမီး၂ယောက်လိုချင်တာ။ ကျမတို့ကလည်း ညီအမတွေရှိတာဆိုတော့လေ။ သားကျတော့ ကိုယ်တွေကအစကတည်းက မောင်တွေအကိုတွေနဲ့ နေလာတာမဟုတ်တော့ ဝမ်းကွဲတွေရှိတဲ့ မောင်တွေ အစ်ကိုတွေကလည်း ဆိုးကျတော့ ယောကျာ်းဘက်ကဆိုရင်လည်း ဆိုးတယ်”

“ယောကျာ်းလေးမွေးရမှာ ကြောက်တယ်။ ကိုယ်ဘယ်လိုထိန်းရမလဲဆိုတာလည်း မထိန်းတတ်ဘူး။ အဲဒါကြောင့် ယောကျာ်းလေး မလိုချင်ဘူး။ ကိုယ့်ဆန္ဒတော့ပြည့်တာပေါ့။ သမီးလေး ၂ယောက်နဲ့ဆိုတော့ တော်ပြီ။ ထပ်မယူတော့ဘူး” လို့ ခင်မဉ္ဇူခိုင် ကပြောပါတယ်။

အိမ်ထောင်သက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ သူတို့ ဇနီးမောင်နှံကတော့ နားလည်မှုတွေ ချစ်ခြင်းတွေနဲ့အတူ သမီးလေး ၂ယောက်ရရှိလာတဲ့ အခါမှာတော့ သံယောဇဉ်တွေပါ ထပ်မံတိုးပွားလာတယ်လို့ ဆိုပါတယ်။

ဇနီးချောနဲ့ သမီးလေး ၂ယောက်ကို ပိုင်ဆိုင်ထားတဲ့ Cobra ကတော့ “ကျနော်ကတော့ သမီးတွေကို အလိုလိုက်တယ်။ သူ့အမေကတော့ စည်းစနစ်နဲ့ပေါ့။ သမီးတွေ ဘာဖြစ်ချင်လဲဆိုတာကို ပံ့ပိုးပေးနိုင်တဲ့ အဖေတယောက်ဖြစ်ချင်တယ်။ သမီးတွေကို စိတ်ချမ်းသာစေချင်တယ်။ အဓိကက မိန်းမလှလှပိုင်ဆိုင်ထားတာထက် သမီး ၂ယောက်ပိုင်ဆိုင် ထားတာကို ပိုကျေနပ်တာပေါ့” လို့ ပြောပါတယ်။

သမီးအကြီးလေးကိုတော့ “မှူးမြတ်သခင်” လို့ နာမည်ပေးထားပြီး အသက် ၄ နှစ်ခန့်ရှိနေပြီး သမီးအငယ်လေးကတော့ အသက် ၁၁နှစ်ခန့်ရှိပြီဖြစ်တဲ့ “မှူးမြတ်ယသော်” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

“အကြီးလေးက ၄နှစ်ခွဲ ၊ အငယ်လေးက ၁၁လပဲ ရှိသေးတယ်။ အကြီးလေးကတော့ သီချင်းတွေကို ဝါသနာမပါလှဘူး။ အခုချိန်ထိတော့ ။ အငယ်လေးကတော့ သီချင်းဖွင့်ရင် ကတာတို့ သီချင်းလိုက်ညည်းတာတို့ရှိတယ်။ ငယ်သေးတော့ ပြောဖို့က စောပါသေးတယ်။ သူတို့လုပ်ချင်တယ်ဆိုရင်တော့ လုပ်ပေးမှာပေါ့”လို့ ခင်မဉ္ဇူခိုင်ကပြောပါတယ်။

အဆိုတော် Cobra နဲ့ မော်ဒယ် ခင်မဉ္ဇူခိုင်တို့က အနုပညာအလုပ်များကို သိပ်မလုပ်ဖြစ်တော့ဘဲ သမီးလေး၂ယောက်ကို အချိန်အပြည့်အဝ ပေးထားပြီး ပျော်ရွှင်တဲ့မိသားစုအဖြစ် ရှိနေကြပါတယ်။

The post သားယောကျာ်းလေးဆို ထိန်းရခက်မှာစိုးလို့ မယူဘူးဆိုတဲ့ Cobra တို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...