Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Thugs of Hindostan” ရုပ်ရှင်ကို စွန့်စွန့်စားစား ရိုက်ကူးခဲ့ရတဲ့ အမီတာဘဂျမ်းနဲ့ အမီရာခန်း

$
0
0

Yash Raj Films ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Thugs of Hindostan” ရုပ်ရှင်ဟာ ဒီနှစ်အတွက် အကြီးမားဆုံး ဘောလိဝုဒ် ရုပ်ရှင်ကား တကားလည်း ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်အတွက် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ရတဲ့ အကြောင်းကို ပါဝင်သရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ မင်းသား အမီရာခန်တို့က ပထမဆုံး အကြိမ်အဖြစ် ပြောကြားပေးခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်ဟာ ဘတ်ဂျက်တော်တော်များများ စိုက်ထုတ်ထားတဲ့ စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။

ရုပ်ရှင် ကိုယ်တိုင်သာမက ရိုက်ကူးရေးဟာလည်း စွန့်စားခန်းပုံစံ ဖြစ်ပါတယ်။ CGI အထူးပြုလုပ်ချက် တော်တော်များများ ပါဝင်ပေမယ့် ထိုင်းနဲ့ မယ်လ်တာလိုမျိုး တကယ့်နေရာတွေအထိ သွားရောက်ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။ ထိုင်းနိုင်ငံ ရိုက်ကွင်းတခုမှာဆိုရင် မင်းသားကြီးအမီတာရဲ့ ဇာတ်ကောင် ကူဒါဘတ်ရှ် ပုန်းခိုရာနေရာအဖြစ် လိုဏ်ဂူကြီး တခုထဲမှာလည်း ရိုက်ကူးခဲ့တာကိုတွေ့ရပါတယ်။

မင်းသားကြီးအမီတာက “ဒါရိုက်တာ Vijay Krishna Acharya က အဲဒီဇာတ်ဝင်ခန်းကို ထိုင်းနိုင်ငံအထိ သွားရိုက်ဖို့ ဘာလို့ စဉ်းစားခဲ့တာလည်း နားမလည်နိုင်ဖြစ်ခဲ့ပေမယ့် ထူးခြားတဲ့ နေရာတခုကို တွေ့ထားပြီးဖြစ်ကြောင်း ပြောခဲ့ပြီးတော့ အဲဒီနေရာကို ကျနော်လည်း စူးစမ်းချင်ပါတယ်။ ကျနော်အဲဒီကို ရောက်သွားပြီး မြင်လိုက်ရတဲ့အခိုက်အတန့်မှာ တော်တော်လေးကို အံ့သြခဲ့မိတယ်ဆိုတာကိုတော့ ကျနော် ဝန်ခံရပါမယ်”

“တိုက်အထပ် ၂၀ ကနေ ၃၀ လောက်နီးပါးအထိ မြင့်ပြီးတော့ သဘာဝက ဘယ်လိုဖန်တီးထား တယ်ဆိုတာကို စဉ်းစားတွေးတောလို့ မရနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ တော်တော်ကြီးမားတဲ့ လိုဏ်ဂူကြီး ဖြစ်ပါတယ်။ ကျနော်တို့အဲဒီမှာ ၂ ရက် ၃ ရက်လောက် ရိုက်ကူးပြီးချိန်မှာတော့ ခွင့်ပြုမထားတဲ့ ဧည့်သည် တွေရောက်လာပါတယ်။ ကြီးမားတဲ့ မြွေကြီးတွေဟာ ကျောက်တုံးတွေကြားထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ရိုက်ကွင်းတခုမှာဆိုရင် အသက် ၇၆ နှစ်အရွယ် မင်းသားကြီး အမီတာအတွက်ခက်ခဲစေခဲ့တဲ့ တောင်ကုန်းပေးကို တက်ရတဲ့ဇာတ်ဝင်ခန်းပါဝင်ခဲ့ပါတယ်။ နောက်ဆုံး ဇာတ်ဝင်ခန်းရိုက်ဖို့အတွက် တောင်တန်း ထူထပ်တဲ့နေရာတခုကို တက်ခဲ့ရပြီး အသက်ရှုခက်ခဲတဲ့ပြဿနာနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော် ၂ ခါ၊ ၃ ခါလောက် ကြိုးစားကြည့်ခဲ့ပေမယ့် မထူးခြားလို့ ရိုက်ကွင်းနေရာ ရောက်တဲ့အထိ ကျနော့်ကို ထမ်းစင်နဲ့ ခေါ်သွားခဲ့ရတယ်”ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

မင်းသား အမီရာခန်းက “ကျနော် အဲဒီမှာ ပထမဆုံးအကြိမ် လမ်းလျှောက်ခဲ့တဲ့ အခါတုန်းက ပိုဒါနွီကျွန်းရဲ့ အလှအပတွေက ကျနော့်ကို ဖမ်းစားခဲ့ပါတယ်။ တကယ့်ကိုပဲ ပုန်းရှိုးကွယ်ရှိုးနဲ့ လုပ်ခဲ့ရသလိုမျိုး ခံစားခဲ့ရပါတယ်။ ကြီးမားတဲ့ မျက်နှာကျက်ရှိတဲ့ ဂူကြီးတခုလည်း ရှိခဲ့ပါတယ်။ တကယ့်ကို ထူးခြားတဲ့ ရိုက်ကွင်းပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

“Thugs of Hindostan” ရုပ်ရှင်မှာ မင်းသမီးတွေဖြစ်တဲ့ Katrina Kaif နဲ့ Fatima Sana Shaikh တို့ပါဝင် သရုပ်ဆောင်ထားကြပြီး နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: indianexpress

The post “Thugs of Hindostan” ရုပ်ရှင်ကို စွန့်စွန့်စားစား ရိုက်ကူးခဲ့ရတဲ့ အမီတာဘဂျမ်းနဲ့ အမီရာခန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...