Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိဘတွေ ဂုဏ်ယူရတဲ့ သမီးတယောက် ဖြစ်ချင်တဲ့ ဖိုးကာရဲ့ သမီး အဆိုတော်ဖူးဖူးသစ်

$
0
0

အဆိုတော်ဖိုးကာရဲ့ ဂီတအမွေကို ဆက်ခံတဲ့သမီးဖြစ်သူ ဖူးဖူးသစ်ကတော့ အဖေအမေတွေ အသိုင်းအဝိုင်းမှာ ဂုဏ်ယူရတဲ့ သမီးတယောက်ဖြစ်ချင်ပါတယ်လို့ ဆိုပါတယ်။

“ဖေဖေနဲ့ မေမေတို့ အသိုင်းအဝိုင်းမှာ ဂုဏ်ယူရတဲ့ သားသမီးတယောက်၊ မိဘကိုလည်း ငယ်ငယ်လေးနဲ့ လုပ်ကျွေးနိုင်တယ်ဆိုတဲ့ ဂုဏ်မျိုးပေါ့။ အဲဒီလို သားသမီးမျိုး ဖြစ်ချင်တယ်။ ဖေဖေတို့၊ မေမေတို့ကလည်း အဲဒီလိုမျိုးပဲ ဖြစ်စေချင်တာပါ”လို့ ဖူးဖူးသစ်က ပြောပါတယ်။

ငယ်စဉ်ကတည်းက အဆိုတော်ဖြစ်ချင်ခဲ့တဲ့ ဖူးဖူးသစ်ကတော့ “Logo” လို့ အမည်ရတဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပြီး ယခုအချိန်မှာ ကျောင်းလည်းပြီးသွားပြီဖြစ်တဲ့အတွက် အနုပညာအလုပ်တွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အခုက ကျောင်းပြီးသွားပြီဆိုတော့ ဖေဖေနဲ့လည်း အတူတူဆိုဖြစ်ရင် ဖြစ်မယ်။ ဖူးတယောက်တည်းလည်း ဖြစ်ရင်ဖြစ်မယ်။ ဖေဖေလည်း ရေးပေးနေတယ်။ သီချင်းလေးတွေ ဆိုနေတယ်။ ဒီလ ၈ရက်နေ့မှာလည်း ဘားအံမှာ သီချင်းသွားဆိုဖို့ ရှိတယ်”လို့ ဖူးဖူးသစ်က ပြောပါတယ်။

ဖူးဖူးသစ်ကတော့ ဖိုးကာရဲ့ သားသမီး၂ယောက်ရှိတဲ့အနက် သမီးအကြီးဖြစ်ပြီး သမီးဖြစ်သူက မိဘဖြစ်စေချင်တဲ့ အတိုင်း ရှေ့ဆက်ပြီးတော့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပြီး မိဘများကလည်း အမြဲတမ်းသွန်သင်ဆုံးမတယ်လို့ ပြောပါတယ်။

“ကျနော်တို့ မျှော်မှန်းထားသလို ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ အဲဒီလိုလည်း တဖြည်းဖြည်းနဲ့ ဖြစ်လာပြီလို့လည်း မြင်နေရပြီ။ ဆက်လက်ပြီးတော့ ဒီထက်ပိုပြီး ဖြစ်အောင်လည်း အမြဲတမ်းကြိုးစားနေဖို့ သူ့ကို တိုက်တွန်းပါတယ်။ သူ့အမေကလည်း တချိန်လုံး သွန်သင် ဆုံးမပါတယ်။ လိမ်မာပါတယ်။ အရမ်းနာခံတယ်”လို့ ဖခင်ဖြစ်သူ ဖိုးကာက ပြောပါတယ်။

ဖူးဖူးသစ်ရဲ့ မိခင်ဖြစ်သူကလည်း အမျိုးသားဖြစ်သူနဲ့ သမီးဖြစ်သူတို့က အနုပညာကိုချစ်ပြီး အနုပညာရှင်များ ဖြစ်ကြတဲ့အတွက် ဂုဏ်ယူဝမ်းသာတယ်လို့ ဆိုပါတယ်။

“အမက နဂိုကတည်းက အနုပညာကို ချစ်တယ်။ ဝါသနာလည်းပါတယ် ဆိုတော့လေ အခုဆိုရင် အမျိုးသားရော သမီးရောက အနုပညာလမ်းကြောင်းပေါ်မှာရှိနေတော့ ပျော်လည်းပျော်တယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်” လို့ ဖူးဖူးသစ်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

အဆိုတော် ဖိုးကာကတော့ အေးချမ်းတဲ့ ဇနီးသည်နဲ့အတူ လိမ်မာတဲ့သားသမီးများကို ပိုင်ဆိုင်ထားပြီး ယခုဆိုလျှင် ဂီတအမွေကို ဆက်ခံတဲ့ သားသမီးတွေရဲ့ ဖခင်လည်း ဖြစ်နေပါတယ်။

The post မိဘတွေ ဂုဏ်ယူရတဲ့ သမီးတယောက် ဖြစ်ချင်တဲ့ ဖိုးကာရဲ့ သမီး အဆိုတော်ဖူးဖူးသစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...