Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသားကြီး စတားလုံးအပေါ် စွဲချက်တင်ထားတဲ့ မုဒိမ်းမှုများကို ပလပ်

$
0
0

လော့စ်အင်ဂျလိစ်မြို့မှ အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးလောက်က မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့အကြောင်း မင်းသားကြီး စတားလုံးအပေါ် စွဲချက်တင်ထားတဲ့ အမှုတွေကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပလပ်လိုက်ပြီလို့ သိရပါတယ်။ အမည်ဖော်ပြမထားတဲ့ အမျိုးသမီးတဦးက “Rocky” မင်းသားကြီးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက စွဲချက်တင်ခဲ့တာဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တကြိမ်၊ ၁၉၉၀ ခုနှစ်မှာ တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းသားကြီး စတားလုံးကတော့ ဒါဟာ ရဲတပ်ဖွဲ့ထံ လီဆယ်တိုင်တန်းတာဖြစ်တဲ့အကြောင်း စွပ်စွဲထားပြီး အဲဒီလို ပြောဆိုချက်တွေကို ငြင်းဆန်ထားပါတယ်။ အခုတော့ လော့စ်အင်ဂျလိစ် ကောင်တီခရိုင်ရှေ့နေရုံးကနေ သက်သေ မလုံလောက်ဘူး ဆိုပြီးတော့ အခုမှုကို ပလပ်လိုက်တာဖြစ်တယ်လို့ TMZ မီဒီယာမှာ ဖော်ပြထားပါတယ်။

ရရှိထားတဲ့ သက်သေ ၂ ယောက်လုံးဟာလည်း အဲဒီအမျိုးသမီးရဲ့ စွပ်စွဲချက်တွေကို ခိုင်လုံအောင် မပြဆိုနိုင်ဘဲ နှစ်ဦးလုံးဟာ အမျိုးသမီးရဲ့ ဇာတ်လမ်း တပုဒ်ကို လမ်းခင်းပေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားတဲ့ မင်းသားကြီး စတားလုံးကတော့ အစ္စရေးနိုင်ငံက ရုပ်ရှင်ရိုက်ကွင်းတခုအတွင်း ၁၉၈၇ ခုနှစ်တုန်းက အဲဒီအမျိုးသမီးနဲ့အတူ အချိန် ၃ ရက်ကြာ အတူတူရှိနေခဲ့တယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမယ့် မုဒိမ်းကျင့်ခဲ့ခြင်း မရှိတဲ့အကြောင်းနဲ့ ၁၉၉၀ ခုနှစ်မှာလည်း အဲဒီအမျိုးသမီးနဲ့ လုံးဝ တွေ့ဆုံခဲ့တာ မရှိတဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

၁၉၈၆ ခုနှစ်၊ မင်းသားကြီး အသက် ၄၀ အရွယ်တုန်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦးကို လိင်ပိုင်းဆိုင်ရာ မတော်တရား ပြုလုပ်ခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်တခုကိုလည်း မင်းသားကြီးက ငြင်းဆိုခဲ့ရပါသေးတယ်။ အဲဒီ အမှုကိုလည်း ပလပ်ထားပြီး ဖြစ်ပါတယ်။ အခုလိုမျိုး တရားစွဲခံထားရလို့ မင်းသားကြီး စတားလုံးအပေါ် ချမှတ်ထားတဲ့ ကန့်သတ်မှုတွေကိုလည်း ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

Ref: etcanada

The post မင်းသားကြီး စတားလုံးအပေါ် စွဲချက်တင်ထားတဲ့ မုဒိမ်းမှုများကို ပလပ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles