Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသား ရှာရွတ်ခန်းရဲ့ ရုပ်ရှင်အသစ်ကို ချီးကျူးလိုက်တဲ့ အမီရာခန်း

$
0
0

ဘောလိဝုဒ် မင်းသား ရှာရွတ်ခန်း ပါဝင်သရုပ်ဆောင်ထားတဲ့ “Zero” ရုပ်ရှင် အမြည်းဗီဒီယိုကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်မယ့် မင်းသားရဲ့ မွေးနေ့မှာ ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင် ထုတ်လုပ်သူတွေကတော့ အဲဒီ အမြည်းဗီဒီယိုကို ပြီးခဲ့တဲ့အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကြည့်ရှုခဲ့ကြပြီး အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ပြောဆိုနေကြဆဲဖြစ်ပါတယ်။

အဲဒီအမြည်းဗီဒီယိုကို အဦးဆုံးကြည့်ရှုခဲ့ရတဲ့ နာမည်ကျော်တွေထဲမှာ ပါဝင်ခဲ့တဲ့ မင်းသား အမီရာခန်းကတော့ မင်းသား ရှာရွတ်ခန်းကို ချီးကျူးပြောဆိုလိုက်ပါတယ်။ မင်းသား အမီရာက အဲဒီအကြောင်း Twitter မှာတင်ခဲ့ပြီး ရုပ်ရှင်မှာ မင်းသား ရှာရွတ်ခန်းဟာ ထူးထူးခြားခြား သရုပ်ဆောင်နိုင်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမီရာခန်း ရေးသားခဲ့တဲ့ ပို့စ်မှာ “သူငယ်ချင်းတို့ရေ၊ Zero ရဲ့ အမြည်းဗီဒီယိုကို ကြည့်ခဲ့ရပါပြီ။ စကားလုံး တလုံးတည်းနဲ့ ပြောရရင် ထူးခြားပြောင်မြောက်ပါတယ်။ ချီးကျူးဂုဏ်ပြုပါတယ်။ Katrina ကလည်း ထူးခြားတယ်။ Anushka Sharma ကလည်း မယုံကြည်နိုင်လောက်အောင်ပါပဲ။ ထူးထူးခြားခြား လုပ်ပြနိုင်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကို ကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ မင်းသား ရှာရွတ်ခန်းက မင်းသား အမီရာခန်းနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံကို ဝေမျှခဲ့ပါတယ်။

အဲဒီ အမြည်းဗီဒီယိုကို မဖြန့်ချိမီမှာ မင်းသား ရှာရွတ်ခန်းဟာ Zero ရုပ်ရှင်ရဲ့ ပိုစတာနှစ်ခုကို ဖြန့်ချိခဲ့ပြီး ပရိသတ်ကို အံ့သြသင့်စေခဲ့ပါတယ်။ အဲဒီပိုစတာတွေထဲက တခုမှာ မင်းသမီး Anushka Sharma ပါဝင်ပြီး နောက်တခုမှာတော့ မင်းသမီး Katrina Kaif ပါဝင်ပါတယ်။ မင်းသမီး Katrina ဟာ အဲဒီရုပ်ရှင်မှာ ပါဝင်မယ်လို့ သိထားကြပေမယ့် မင်းသမီး Anushka ရဲ့ဇာတ်ကောင် အကြောင်းကိုတော့ အခုထိ အသေးစိတ် မသိရှိရသေးပါဘူး။

Zero ရုပ်ရှင်ဟာ စူပါစတားတယောက်ကိုမှ ကြိုက်နှစ်သက်မိတဲ့ အရပ်ပုပု အမျိုးသားတဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ရူပီးကုဋေ ၂၀၀ ကျော် အကုန်အကျခံထားတဲ့ အဲဒီရုပ်ရှင်ဟာ မင်းသား ရှာရွတ်ခန်း အတွက်တော့ ကုန်ကျစရိတ် အများဆုံး ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Aanand L Rai ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: indianexpress

The post မင်းသား ရှာရွတ်ခန်းရဲ့ ရုပ်ရှင်အသစ်ကို ချီးကျူးလိုက်တဲ့ အမီရာခန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ