ကမ္ဘာကျော်အဆိုတော် ဂျန်နီဖာလိုပက်ဇ်ဟာ မင်းသား Ben Affleck နဲ့ တွဲရတာထက် လက်ရှိချစ်သူ Alex Rodriguez နဲ့တွဲရတာ ပိုလွယ်ကူ အဆင်ပြေတယ်လို့ ထင်ကြောင်း ပြောပါတယ်။
အသက် ၄၉ နှစ်အရွယ် ဂျန်နီဖာက ၂၀၀၄ ခုနှစ် ဇန်နဝါရီလမှာ စီစဉ်ထားတဲ့ လက်ထပ်ဖို့ ကိစ္စတွေ အဆုံးသတ်ပြီး လမ်းခွဲခဲ့တဲ့ လင်းနို့လူသားမင်းသား Ben Affleck နဲ့ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ရတဲ့ အချစ်ရေးထက် အခုလက်ရှိ အချစ်ရေးက ပိုပြီး တည်ငြိမ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ ဂျန်နီဖာက “အဲဒီတုန်းက ပိုပြီးဆိုးရွားပါတယ်။ ရူးလောက်စရာပါပဲ။ အခုတော့ ကျမကို ကျမဘယ်သူဆိုတာ နည်းနည်းလေးတော့ ပြနိုင်လာပါပြီ” လို့ ဆိုပါတယ်။ “World of Dance” မင်းသမီးဖြစ်တဲ့ ဂျန်နီဖာက လူမှုကွန်ရက်မီဒီယာဟာ နာမည်ကျော်ကြားသူတွေနဲ့ သူတို့ရဲ့ ပရိသတ်တွေရဲ့ ကြားက ကွာဟချက်ကို ပေါင်းကူးပေးဖို့ ကူညီပေးခဲ့တယ်လို့ ရှင်းလင်းပြောကြားပါတယ်။
အသက် ၄၃ နှစ်အရွယ် Alex နဲ့အတူ နေထိုင်ရတဲ့သူ့ဘဝကို ပရိသတ်တွေထဲ ချပြနိုင်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချစ်ရေးဟာ အရင်တုန်းက အချစ်ဇာတ်လမ်းတချို့ထက် ဒရာမဆန်တာပိုနည်းတယ်လို့ ဆိုပါတယ်။ Marc Anthony, Cris Judd နဲ့ Ojani Noa တို့နဲ့ အိမ်ထောင်ကျခဲ့ဖူးတဲ့ အဆိုတော် ဂျန်နီဖာက ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သူ့အနေနဲ့ တော်တော်လေး ရင့်ကျက်လာတယ်လို့ ထင်မြင်တယ်လို့ ခံစားရတဲ့အကြောင်း ပြောဆိုပါတယ်။
အနားယူထားတဲ့ ဘေ့စ်ဘောကစားသမားဟောင်းနဲ့ ချစ်ကြိုးသွယ်နေတဲ့ ဂျန်နီဖာက သူတို့နှစ်ဦးဆုံကြချိန်တိုင်း အလုပ်တွေ ပြီးအောင် လုပ်နိုတဲ့အကြောင်း၊ လူတိုင်းမှာ အားနည်းချက်ဆိုတာရှိပြီး လူတွေအနေနဲ့ အဲဒီအားနည်းချက်တွေကို ကျော်လွန်ပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိကြတယ်ဆိုတာ အသိအမှတ်ပြုတဲ့လူတွေကိုသာ အလိုရှိတဲ့အကြောင်း ဝေဖန်သူတွေကို တုံ့ပြန်ထားပါတယ်။
Ref: contactmusic
The post လက်ရှိချစ်သူ Alex Rodriguez နဲ့ တွဲရတာ ပိုအဆင်ပြေတယ်လို့ ဂျန်နီဖာလိုပက်ဇ် ပြော appeared first on ဧရာဝတီ.