Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကားရိုက် နားထားတာမဟုတ်ဘူး ခေါ်မရိုက်တာ” ဆိုတဲ့ မယ်လိုဒီ

$
0
0

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုနဲ့ ချစ်စရာကောင်းတဲ့ သားလေးတယောက်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မယ်လိုဒီကတော့ ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုများမှာ တွေ့ရတာနည်းပါးလာတဲ့အတွက် မေးကြည့်တဲ့အခါမှာတော့ ကားရိုက်နားထားတာမဟုတ်ဘဲ ခေါ်မရိုက်တာလို့ ဧရာဝတီကိုပြောပါတယ်။

“ကားရိုက်က နားထားတာ မဟုတ်ဘူး။ သရုပ်ဆောင် မတော်လို့ ဘယ်သူမှခေါ်မရိုက်တာပါ။ လာခေါ်ရိုက်ရင်လည်း အဆင်ပြေတယ်ဆိုရင်တော့ ရိုက်မှာပါ။ အခုကတော့ ပွဲတက်တာများတယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပြုစုပျိုးထောင်ရလဲဆိုတာကို ဆရာဝန်ကြီးတွေနဲ့ ဝင်ရောက်ဆွေးနွေးခွင့်ရတယ်။ နောက်ပြီး ကြော်ငြာတွေ ရိုက်ဖြစ်တယ်” လို့ မယ်လိုဒီက ပြောပါတယ်။

မယ်လိုဒီကတော့ အကယ်ဒမီ ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးတယောက်ဖြစ်ပြီး အခုလက်ရှိမှာတော့ ကားရိုက်တွေ မရှိပေမယ့် ပွဲအခမ်းအနားများ ၊ ကြော်ငြာရိုက်ကူးမှုများမှာ တွေ့ရပါတယ်။

သူမရဲ့တပိုင်တနိုင် စီးပွားရေးအနေနဲ့ “ရွှေ နေကြာစေ့” ကို အွန်လိုင်းကနေ တဆင့်ရောင်းချပေးနေပြီး ထပ်မံပြီး တိုးချဲ့သွားဖို့တော့ မရှိပါဘူးလို့ ဆိုပါတယ်။

“နေကြာစေ့ကတော့ အကြီးအကျယ်မဟုတ်ပါဘူး။ အွန်လိုင်းကနေပဲ ရောင်းဖြစ်တာပါ။ မိုင်းဖုန်းဆရာတော်ကြီးကို သွားဖူးရင်းနဲ့ စားဖူးပြီးတော့ ရောင်းဖြစ်သွားတာပါ။ ဘာမှတော့ မချဲ့နိုင်သေးပါဘူး။ ကလေးနဲ့ သိပ်မအားတော့လေ ထပ်မလုပ်နိုင်သေးဘူး” လို့မယ်လိုဒီက ပြောပါတယ်။

ချစ်စရာကောင်းတဲ့ သားလေးတယောက်ကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီဟာ နောက်ထပ်ကလေးယူဖို့ အစီအစဉ် ရှိလားဆိုတာကိုတော့ အခုလိုပဲ ပြောပြခဲ့ပါတယ်။ “လောလောဆယ်ထိတော့ ကလေးထပ်ယူဖို့ အစီအစဉ် မရှိသေးဘူး။ သေချာ မထိန်းနိုင်ဘူး။ အခုတယောက်တည်းကိုပဲ ဖိဖိစီးစီးလုပ်ပေးချင်တယ်” လို့ မယ်လိုဒီက ပြောပါတယ်။

မယ်လိုဒီကတော့ ယနေ့မှာလည်း အကြိမ် ၂၀မြောက် အောင်ဘာလေထီပေါက်စဉ်မှာ သားလေး သိဒ္ဓိစစ်ရွေးပေးတဲ့ ထီလက်မှတ်မှ ကျပ် ၅သောင်းဆုကို ပေါက်ခဲ့ပါတယ်။

မယ်လိုဒီကတော့ အိမ်ထောင်ပြုပြီး အနုပညာလောကမှ ခဏပျောက်ကွယ်ခဲ့ပြီးနောက် ၂၀၁၇ခုနှစ်မှ စတင်ကာ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်လာခဲ့ပြီး ယခုအချိန်ထိ လှပနေတဲ့ မင်းသမီးတယောက်ဖြစ်ပါတယ်။

The post “ကားရိုက် နားထားတာမဟုတ်ဘူး ခေါ်မရိုက်တာ” ဆိုတဲ့ မယ်လိုဒီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ