Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Nicole Kidman ကို တမူထူးခြားစွာ တွေ့မြင်ရမယ့် “Destroyer”ရုပ်ရှင်

$
0
0

အခုမိတ်ဆက်ပေးမယ့် ရုပ်ရှင်က ဒါရိုက်တာ Karyn Kusama ရိုက်ကူးထားတဲ့ Action, Crime, Drama အမျိုးအစား ရုပ်ရှင်ကားဖြစ်တဲ့ “Destroyer” ရုပ်ရှင် ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Nicole Kidman, Toby Kebbell, Tatiana Maslany တို့ပဲ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၃ မိနစ် ရှိပြီး Telluride Film Festival မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ကတည်းက ပြသခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့အပြားက ရုပ်ရှင်ရုံတွေဆီကိုတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။

အခုရုပ်ရှင်မှာတော့ Nicole Kidman ကို ပုံစံ ၂ မျိုးနဲ့ တွေ့မြင်ရမှာဖြစ်ပြီး ပထမ တမျိုးအနေနဲ့ ပုံမှန်မြင်တွေ့နေကျ အတိုင်းဖြစ်ပေမယ့် ဒုတိယတမျိုးအနေနဲ့ကတော့ Nicole Kidman ကို မျက်မှန်းတန်းမိဖို့ တော်တော့်ကို ခက်ခဲမှာပါ။

“Destoryer” ရုပ်ရှင်မှာ သူမဟာ Erin Bell အဖြစ် LAPD စုံထောက်တဦးရဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ထားပါတယ်။ California ရဲ့ လွင်ပြင်ကျယ်ကြီးထဲမှာ ငယ်ရွယ်တဲ့ စုံထောက်တဦးကို နေရာချပေးထားခြင်းဟာလည်း ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကို မြှင့်တင်ပေးလိုက်တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့ အချိန်မှသာ သူမ တကယ်အလုပ် လုပ်ကိုင်ရမယ့်နေရာမှာ တာဝန်ထမ်းဆောင်ဖို့ ပြန်လည် အခွင့်အရေးရခဲ့ပါတယ်။ အဲဒီနှစ်ပေါင်းများစွာကပဲ သူမရဲ့ ငယ်ရွယ်တက်ကြွမှုတွေကို ဖျက်ဆီးလိုက်တာဖြစ်ပြီး သူမကတော့ သူမနဲ့ သက်ဆိုင်တဲ့ သမိုင်းလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရင်းနဲ့ Erin မှာ အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးငယ်အတွက်လည်း စိုးရိမ်ပူပန်စရာတွေ ရှိလာပါတယ်။ ဘယ်လိုအရာမျိုးတွေက Erin ရဲ့ အချိန်တွေကို ပျက်စီးစေခဲ့သလဲ။

နောက်ခံ တယောသံတွေနဲ့ ထောက်ပံ့ထားတဲ့ ရုပ်ရှင်ရဲ့ စက္ကန့်တိုင်းဟာ ကြည့်ရှုသူတွေကို ရသ တမျိုးမဟုတ် တမျိုး ပေးနေမှာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေကိုလည်း Nicole Kidman နဲ့ ဒါရိုက်တာ Karyn Kusama တို့ ရရှိခဲ့ပါတယ်။

ရာဇဝတ်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် စောင့်မျှော်ကြည့်ရှုဖို့ ရုပ်ရှင်ကားကောင်းတကား ဖြစ်တာကြောင့် ကြိုတင်ညွှန်းဆိုပေးလိုက်ပါတယ်။

The post Nicole Kidman ကို တမူထူးခြားစွာ တွေ့မြင်ရမယ့် “Destroyer” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...