Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နောက်ဆက်တွဲဇာတ်လမ်း ရိုက်ဖို့ ရှိနေတဲ့ “The Meg” ရုပ်ရှင်

$
0
0

မင်းသား Jason Statham ပါဝင်သရုပ်ဆောင်ထားတဲ့ “The Meg” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ရိုက်ကူးဖို့ စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဒါရိုက်တာ Jon Turteltaub ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဖြန့်ချိခဲ့တာဖြစ်ပြီး ပစိဖိတ်ကြမ်းပြင်မှာ ကယ်ဆယ်ရေး Mission တခု လုပ်ဆောင်ခဲ့ချိန်မှာ အရှည် ၂၃ မီတာ လောက်ရှိတဲ့ Megalodon ငါးမန်းကြီး တကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

“The Meg” ရုပ်ရှင်ဟာ ကမ္ဘာတဝန်း ရုံဝင်ငွေ ကန်ဒေါ်လာ ၅၂၇ သန်း ရရှိခဲ့ပြီး ဝေဖန်သူတွေရဲ့ အကောင်း၊ အဆိုး ရောထွေးနေတဲ့ မှတ်ချက်တွေကို ရရှိခဲ့ပါတယ်။ အမှုဆောင်ထုတ်လုပ်သူ Catherine Xujun Ying ကတော့ နောက်ဆက်တွဲ ဇာတ်လမ်းအတွက် ပြင်ဆင်နေပြီလို့ ပြောကြားလိုက်ပါတယ်။

Catherine က “သေချာပေါက် အစီအစဉ် ရှိပါတယ်” လို့ အောက်တိုဘာလ ၂၉ ရက်တုန်းက လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်-တရုတ်ဖျော်ဖြေရေး ထိပ်သီးဆွေးနွေးပွဲ တစိတ်တပိုင် းအနေနဲ့ ပြောဆိုမှုတခုအတွင်း “The Meg” ရုပ်ရှင်ဆက်ရိုက်ကူးဖို့ ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး ပြောကြားပေးခဲ့ပါတယ်။

သူက “ကနဦးအစောပိုင် းအဆင့်တွေမှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျမတို့ ဆက်လုပ်မှာပါ။ ကျမတို့ ဒီတခါတော့ လျှို့ဝှက်ချက်အနေနဲ့ လုပ်ဆောင်သွားမှာပါ” လို့ ဆိုပါတယ်။

မူရင်းရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေ အဖြစ် Li Bingbing, Rainn Wilson, Ruby Rose, Winston Chao နဲ့ Cliff Curtis တို့ ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ အခုလို သည်းထိတ်ရင်ဖို ငါးမန်းရုပ်ရှင် ဇာတ်လမ်းအမျိုးမျိုး ရှိပေမယ့် “The Meg” ထုတ်လုပ်သူ Belle Avery က အဲဒီလိုစာအုပ်တွေ အားလုံးထဲကမှ အခုရုပ်ရှင် ရိုက်ကူးခွင့်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒါရိုက်တာ Turteltaub က ရုပ်ရှင်မဖြန့်ချိမီမှာ ရုပ်ရှင်နဲ့ ပတ်သက်လို့ အဆိုးမြင်မှတ်ချက် တော်တော်များများ ရှိခဲ့တယ်လို့ ဆိုပါတယ်။ “The Meg 2” ရုပ်ရှင်ကိုတော့ လက်ရှိ Warner Bros. ကုမ္ပဏီကနေ အမှုဆောင်အရာရှိတွေက တရားဝင်ခွင့်ပြုချက် ပေးတာမျိုး၊ ဇာတ်ညွန်းရေးဆရာတွေ ငှားပေးတာမျိုးတော့ မရှိသေးပါဘူး။

မူရင်းရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ မင်းသား Statham ကတော့ တကယ်လို့ ရုပ်ရှင် ချစ်ပရိသတ်တွေက နှစ်ခြိုက်သဘောကျတယ်ဆိုရင် နောက်ဆက်တွဲဇာတ်လမ်းကို ဆက်လက်ရိုက်ကူးမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

Ref: aceshowbiz

The post နောက်ဆက်တွဲဇာတ်လမ်း ရိုက်ဖို့ ရှိနေတဲ့ “The Meg” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...