Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝင်ငွေအများဆုံး ကွယ်လွန်သူ အနုပညာရှင်စာရင်းမှာ မိုက်ကယ်ဂျက်ဆင် ရပ်တည်ဆဲ

$
0
0

Forbes မဂ္ဂဇင်းဟာ နှစ်စဉ်ထုတ်ပြန်နေကျ ဝင်ငွေအများဆုံး ကွယ်လွန်သူအနုပညာရှင်စာရင်းမှာ အဲဗစ်ပရက်စလေရဲ့ အရှေ့မှာ မိုက်ကယ်ဂျက်ဆင်ကို ထိပ်ဆုံးနေရာကနေ ထားခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ သူ့ရဲ့ အိမ်ခြံမြေတွေကနေ ပေါင် သန်း ၃၀၀ ဝင်ငွေရှိခဲ့တဲ့အတွက် အခုလိုမျိုး ထိပ်ဆုံးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ်စာရင်းမှာ ပထမဆုံးနေရာ ရရှိလိုက်တာဟာ Pop ဂီတဘုရင်ကြီး မိုက်ကယ့်အတွက်တော့ ဆဋ္ဌမမြောက် ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်အထိကာလအတွင်း အခွန် မပါဝင်ဘဲ ရတဲ့ဝင်ငွေတွေကို တိုင်းတာလိုက်တဲ့အခါ သူ့ရဲ့ အိမ်ခြံမြေ တခုတည်းမှာတင် ပေါင် ၃၁၃ သန်း ရှိတယ်လို့ ဆိုပါတယ်။ မကြာသေးခင်က ရောင်းချခဲ့ရတဲ့ EMI Music Publishing ရဲ့ ရှယ်ယာတွေ ကြောင့်လည်း သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အဲဒီလောက်အထိ တက်သွားတာလို့လည်း ဆိုပါတယ်။

အခြား အကျိုးအမြတ် ရှိနိုင်တဲ့ စီမံကိန်းတွေထဲမှာတော့ Sony နဲ့ အသံသွင်းသဘောတူစာချုပ်တခု ချုပ်ဆိုနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် အန်နီမေးရှင်းရုပ်သံ အထူးအစီအစဉ် “Michael Jackson’s Halloween” ကနေလည်း ဝင်ငွေတွေ ရရှိခဲ့လို့ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် မေလမှာ ကွယ်လွန်ခဲ့တဲ့ အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ သူကွယ်လွန်ခဲ့ချိန်ကနေဆိုရင် ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံလောက် ဝင်ငွေရရှိခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ အနောက် ဒုတိယနေရာမှာ ရှိတဲ့ အဲဗစ်ပရက်စလေကို ပေါင် ၃၁ သန်းအသာနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဗစ်ကတော့ Graceland အိမ်ရှိရာ “Elvis Presley’s Memphis” လို့ခေါ်တဲ့ ဖျော်ဖြေရေး complex တခုနဲ့ သီချင်းရောင်းအားတွေကြောင့် အဲဒီငွေတွေ ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

တတိယနေရာမှာတော့ ဂန္တဝင်ဂေါက်သီး အကျော်အမော်ဟောင်း Arnold Palmer က ပေါင် ၂၇ သန်း ရပ်တည်နေပြီး “Charlie Brown” ကာတွန်းဖန်တီးရှင် Charles Schulz နဲ့ ရက်ဂေး အနုပညာရှင် Bob Marley တို့က ပေါင် ၂၆ သန်းနဲ့ပေါင် ၁၈ သန်းတို့နဲ့ စတုတ္ထနဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

စာရင်းထဲမှာ ပါဝင်တဲ့အခြား ကွယ်လွန်သူ အနုပညာရှင်တွေထဲမှာတော့ Prince နဲ့ Beatles အဖွဲ့မှ John Lennon တို့လည်း ပါဝင်ကြပါတယ်။

Ref: contactmusic

The post ဝင်ငွေအများဆုံး ကွယ်လွန်သူ အနုပညာရှင်စာရင်းမှာ မိုက်ကယ်ဂျက်ဆင် ရပ်တည်ဆဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...