Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ သီချင်းတွေကို နားဆင်ရမယ့် စည်သူလွင်ရဲ့ တကိုယ်တော်ရှိုး

$
0
0

စည်သူလွင် သီဆိုထားတဲ့ သီချင်းတွေကို နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် “A Part Of Me” လို့ နာမည်ပေးထားတဲ့ စည်သူလွင်ရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“A Part Of Me” ရှိုးပွဲမှာ စည်သူလွင်က ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်အောင် စီစဉ်ထားသလို ယခင်က သူအရမ်းကြိုက်ခဲ့ပြီး နှစ်သက်ခဲ့ရတဲ့ အဆိုတော်ကြီးတွေရဲ့သီချင်းကောင်းတွေကို ပြန်လည် သီဆိုသွားမယ်လို့ ဧရာဝတီ ကိုပြောပါတယ်။

“ကျနော် One Man Show ကို ၂၀၁၄ လောက်မှာ လုပ်ခဲ့တယ်။ အဲ့နောက်မှာ One Man Show မလုပ်ဖြစ်တာ ၄ နှစ်လောက်ကြာသွားတယ်။ ကျနော့် ပရိသတ်တွေနဲ့လည်း ဆုံချင်တယ်။ သီချင်းလေးတွေလည်း ဆိုပြချင်တာကြောင့် ဆိုဖြစ်သွားတာပါ။ အခုပွဲလေးမှာတော့ ထူးထူးခြားခြားဖြစ်အောင် ကျနော်ပြန်လည်သီဆိုဖြစ်ခဲ့တဲ့ သီချင်းကောင်းလေးတွေကိုပဲ သီးသန့် စုစည်းပြီး စီနီယာ အဆိုတော်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သီဆိုဖျော်ဖြေ သွားမှာဖြစ်ပါတယ်”

“Version တော့ ပြောင်းပြီးမဆိုပါဘူး။ ကိုညီထွဋ်တို့၊ ဦးထီးတို့၊ ကိုငှက်တို့၊ ဦးလွှမ်းမိုးတို့၊ ကိုရန်အောင်တို့ သီချင်းတွေ ပါမယ်။ ဒီပွဲမှာ စုံတွဲအနေနဲ့ သီဆိုပေးဖို့ မဟေမာ ပါမယ်။ ဂျူဝယ်လ် ပါမယ်။ သီချင်းအပုဒ် ၃၀ လောက် ဆိုပါမယ်”လို့ စည်သူလွင်က ပြောပါတယ်။

တကိုယ်တော်ဖျော်ဖြေပွဲက ဒုတိယမြောက်ပွဲဖြစ်တာကြောင့် ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျမယ့် သီချင်းလေးတွေကို ရွေးချယ်ထားတယ်ဆိုပြီး စည်သူလွင်က ဆက်လက် ပြောပါတယ်။

တကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ့် အဆိုတော် စည်သူလွင် / ချစ်ပိုး/ဧရာဝတီ

“တပွဲနဲ့ တပွဲ အရသာတော့ မတူအောင် အများကြီး စဉ်းစားထားရတယ်။ ကျနော် စိတ်ကူးထားတာလေးတွေလည်း အများကြီး ရှိပါတယ်။ လက်မှတ်ရောင်းပြီးတော့ တကိုယ်တော်ဖျော်ဖြေပွဲ လုပ်တာကတော့ ဒုတိယအကြိမ်ပါ။ ကျနော်တို့ ငယ်ငယ်က အရူးအမူးကြိုက်ခဲ့ကြရတဲ့ သီချင်းတွေပဲဖြစ်တာမို့ ပရိတ်သတ်ရဲ့အကြိုက်နဲ့လည်း ထပ်တူကျမယ်လို့ ထင်မိပါတယ်”

“စိတ်ချ။ အားလုံးရတဲ့ သီချင်းတွေပဲ ဖြစ်စေရမယ်။ အသက်လည် းအနှစ် ၂၀ လောက်ပြန်ငယ်သွားမယ်။ ရည်းစားဟောင်းတွေကို ပြန်သတိရမိရင်တော့ ကိုယ့်ပြဿနာ ကိုယ်ရှင်းနော်။ ကျနော် မပါဘူး။ ဒါကြောင့်မို အရမ်းကြိုက်ခဲ့ရတဲ့ သီချင်းလေးတွေကို ကျနော်နဲ့ အတူတူ သီဆိုကြရအောင် ‘A Part Of Me’ ပွဲလေးကိုလာခဲ့ဖို့ အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ”လို့ စည်သူလွင်က ပြောပါတယ်။

စည်သူလွင်ရဲ့ “A Part Of Me” ရှိုးပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝင်း၊ Hexagon Complex မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုတော် စည်သူလွင်ကတော့ ၂၀၁၅ ခုနှစ်တုန်းက သူငယ်ချင်းဖြစ်သူ တင်ဇာမော်နဲ့ တွဲပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့သလို၊၂၀၁၆ ခုနှစ်တုန်းကလည်း အဆိုတော် အေးချမ်းမေနဲ့ တွဲဖက်ပြီးတော့ ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပါတယ်။

စည်သူလွင်ရဲ့ တကိုယ်တော်ရှိုး အနေနဲ့ကတော့ ၂၀၁၄ ခုနှစ်က ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တကိုယ်တော်ခွေများစွာ ထွက်ရှိထားသူ တဦးဖြစ်ပါတယ်။

The post ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ သီချင်းတွေကို နားဆင်ရမယ့် စည်သူလွင်ရဲ့ တကိုယ်တော်ရှိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...