Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဒီနှစ်ထဲမှာ ကျနော့်ကား ထပ်တင်ရင် တရားလွန်တဲ့သူတယောက် ဖြစ်သွားလိမ့်မယ်”

$
0
0

“ဒုဋ္ဌဝတီကို လွန်၍” ရုပ်ရှင်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး အောင်မြင်မှုတခုကို ရရှိခဲ့တဲ့ ဒါရိုက်တာ အာကာက ရုပ်ရှင်ကားများကို အမြဲ မထုတ်နိုင်ဘဲ ဒီနှစ်ထဲမှား သူ့ရဲ့ရုပ်ရှင်ကားတကား တင်ပြီးသွားပြီဖြစ်တဲ့အတွက် နောက်ထပ်ကားတွေ ထပ်တင်ရင်တော့ သူ့အနေနဲ့ တရားလွန်တဲ့သူတယောက် ဖြစ်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့က အမြဲ မထုတ်နိုင်ဘူးဗျ။ ကျနော့်ရဲ့ ဒုဋ္ဌဝတီ ဆိုရင် မေလမှာ တင်ပြီးတော့ အကယ်၍များ ဒီနှစ်ထဲမှာ ကျနော့်ကား ထပ်တင်ရရင် တော်တော် တရားလွန်တဲ့သူတယောက် ဖြစ်သွားမှာ။ တကယ်တမ်းဆို ၂ နှစ်၊ ၃ နှစ်လောက်မှာ တကားလောက် တင်လို့ရမှာလေ။ ဒါပေမဲ့ လူငယ်တွေ အားလုံး တကားစီ သူတင်လိုက်၊ ကိုယ်တင်လိုက်ဆိုရင် အမြဲတမ်းပရိသတ်က မပြတ်ဘဲနဲ့ လူငယ် ဒါရိုက်တာတွေ ရိုက်တဲ့ အသစ်အဆန်းတွေ တွေ့ရပါ လိမ့်မယ်” လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။

သူရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး ၂ ကားလည်း ရုံတင်ပြသဖို့ကျန်နေသေးပြီး ရုံတင်ဖို့အတွက်စောင့်နေရပြီး အမြန်ဆုံးရုံတင်ဖို့အတွက်လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။

“ကျနော် ရုပ်ရှင် ၂ ကားရှိပါတယ်။ “ကြိုးဖုန်း” နဲ့ “ကမ္ဘာနှစ်ထပ်”ဆိုတဲ့ကားပေါ့။ အဲဒီကားတွေအတွက် ရုံစောင့်နေရပါတယ်။ ရုံရပြီဆိုတာနဲ့ တင်ပါမယ်။ ဒါရိုက်တာ တယောက်အနေနဲ့ကတော့ အမြန်ဆုံးတင်ချင်တာပေါ့ဗျာ။ ဒီမှာက ရုံအခက်အခဲရှိတော့ ရုံနဲ့တော့ ညှိရဦးမှာပေါ့” လို့ ဒါရိုက်တာ အာကာက ပြောပါတယ်။

ဒါရိုက်တာ အာကာက ထပ်မံပြီး ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံပေါင်းစပ် ရိုက်ကူးထားတဲ့ အက်ရှင်ကားတကား ဖန်တီးထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးရိုက်ထားတဲ့ ထိုင်းနဲ့ မြန်မာပေါင်းပြီး ရိုက်တဲ့ ‘Sleeping Awake’ ဆိုတဲ့ကား ရှိတယ်။ အခု လက်ရှိက ရိုက်ပြီးပြီးချင်းပဲ ရှိသေးတယ်။ Editing ကို ဒီလထဲမှာ ကျနော်တို့ စလုပ်မှာ ဆိုတော့ ၂၀၂၀ ခုနှစ်လောက်မှ လာလိမ့်မယ်။ အဲဒီကားလေးကတော့ အက်ရှင်ကားပေါ့နော်။ ကျနော်ရိုက်တဲ့ ပုံစံအတိုင်းပဲ။ အက်ရှင်ကို အဓိက ဦးစားပေးထားတဲ့ ကားတကားပါ”လို့ သူက ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာတော့ သရုပ်ဆောင်များအဖြစ် နိုင်းနိုင်း၊ အေးမြတ်သူ၊ ရဲနောင်တို့က အဓိက ပါဝင်သွားမှာဖြစ်ပြီး ထိုင်းမင်းသမီးတဦးနဲ့ အတူ ထိုင်းမှ စတန့်အဖွဲ့တဖွဲ့လည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

ဒါရိုက်တာ အာကာကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ မျိုးဆက်သစ် လူငယ် ဒါရိုက်တာတဦးဖြစ်ပြီး မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာ ထိုးဖောက်နိုင်ရန်အတွက် ကြိုးစားနေတဲ့သူတယောက်လည်းဖြစ်ပါတယ်။

The post “ဒီနှစ်ထဲမှာ ကျနော့်ကား ထပ်တင်ရင် တရားလွန်တဲ့သူတယောက် ဖြစ်သွားလိမ့်မယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...