အနုပညာရှင်တွေဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပရိသတ်တွေ မသိအောင် လျှို့ဝှက်ထားလေ့ ရှိကြပါတယ်။ ဒိတ်လုပ်တာတွေ၊ စေ့စပ်တာတွေနဲ့ မင်္ဂလာဆောင်တာတွေကို ပရိသတ်ကို အသိမပေးဘဲ လုပ်ကြတာ များပါတယ်။
ဒီလို လျှို့ဝှက်ထားတာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ချိန်တွေကို သီးသန့်ကုန်ဆုံးချင်ကြတယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပါတယ်။ မကြာသေးခင်က ပြုလုပ်သွားတဲ့ အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဆောင်ဟာလည်း ပရိသတ်တွေရဲ့ အံ့သြစိတ်ဝင်စားမှုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီတခါမှာ မင်္ဂလာပွဲကို တိတ်တဆိတ် ပြုလုပ်ခဲ့ကြတဲ့ ကမ္ဘာကျော်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Jason Momoa and Lisa Bonet
“Game Of Thrones”, “Aquaman” စတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ ချစ်ခင်မှုကို ရခဲ့တဲ့ မင်းသား Jason Momoa ဟာ သူ့ထက် အသက် ၁၀ နှစ်ကျော်ကြီးတဲ့ မင်းသမီး Lisa Bonet တို့ဟာ ၂၀၀၇ ခုနှစ်လောက်မှာကတည်းက တိတ်တခိုး တွဲနေကြပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ပရိသတ်တွေကို အသိမပေးဘဲ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။ မင်္ဂလာဆောင်ပြီး လအနည်းငယ်ကြာတဲ့ အထိ ပရိသတ်တွေ မသိအောင် လျှို့ဝှက်ထားနိုင်ခဲ့ပါတယ်။
(၂) Brad Pitt and Angelina Jolie
ပရိသတ်တွေ မသိအောင် တိတ်တခိုး လက်ထပ်ခဲ့ကြတဲ့ နောက်ထပ် အတွဲတတွဲကတော့ Brad Pitt နဲ့ Angelina Jolie ပါ။ သူတို့ဟာ “Mr and Mrs Smith” ဇာတ်ကားမှာ စတင်တွဲကြတာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲကို ၂၀၀၄ ခုနှစ်က ပြင်သစ်နိုင်ငံမှာ လျှို့ဝှက်စွာပြုလုပ်ခဲ့ပါတယ်။
(၃) Romian Dauric and Scarlatt Johansan
အမျိုးသားတွေရဲ့ အသည်းကျော် မင်းသမီး Scarlatt Johansan ကတော့ ၂၀၁၄ ခုနှစ်မှာ ဂျာနယ်လစ်တယောက်ဖြစ်တဲ့ Romian Dauric နဲ့ လျှို့ဝှက်စွာ လက်ထပ်ခဲ့ပါတယ်။ သူတို့ဟာ ၂၀၁၇ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး ဘာကြောင့် ကွာရှင်းရတယ် ဆိုတာကိုတော့ ပရိသတ်တွေကို ဖွင့်မပြောခဲ့ပါဘူး။
(၄) Jay Z and Beyonce
နာမည်ကျော် Rapper Jay Z နဲ့ အဆိုတော် Beyonce တို့ဟာ သူတို့ရဲ့ လျှို့ဝှက် မင်္ဂလာဆောင်ကို ၂၀၀၈ ခုနှစ် April လ ၄ ရက်နေ့ မှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့ အတွဲဟာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို လျှို့ဝှက်စွာပဲ ကုန်ဆုံးလေ့ရှိကြတယ်လို့လည်း ပရိသတ်တွေ ကြားမှာ ရေပန်းစားပါတယ်။
(၅) Jim Parsons and Todd Spiewak
“The Big Bang Theory” ဇာတ်ကား ခေါင်းဆောင်မင်းသား Jim Parsons ဟာ သူနဲ့ ၁၄ နှစ်တာ တွဲခဲ့တဲ့ လိင်တူချစ်သူနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သူတို့ရဲ့ လက်ထပ်ပွဲအကြောင်းကိုတော့ Talk Show တခုမှာ မင်းသား Jim Parsons က ပရိသတ်တွေ ဖွင့်ပြောခဲ့ပါတယ်။
Ref;ELLE
The post ပရိတ်သတ်တွေကို အသိမပေးဘဲ မင်္ဂလာဆောင်ခဲ့ကြတဲ့ အနုပညာရှင်များ appeared first on ဧရာဝတီ.