Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စစ်ပြန်တွေကို ကူညီဖို့ အကြိုက်ဆုံး ဆိုင်ကယ်ကို ရောင်းချတော့မယ့် George Clooney

$
0
0

မင်းသား George Clooney ဟာ သူ့ရဲ့ ကမ္ဘာကျော်ပိုင်ဆိုင်မှုတခုနဲ့ လမ်းခွဲရတော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ TMZ မီဒီယာရဲ့အဆိုအရ “Money Monster” ရုပ်ရှင်မင်းသား George ဟာ သူ့ရဲ့ Harley-Davidson မော်တော်ဆိုင်ကယ် တွေထဲက တစီးကို ၉/၁၁ ဖြစ်ရပ်အလွန် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ စစ်ပြန်တွေအတွက် အိမ်တွေဆောက်လုပ် ပေးနေတဲ့ “Homes For Our Troops” အဖွဲ့အစည်းကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

TMZ ရဲ့အဆိုအရ George နဲ့ CNN က သူငယ်ချင်း Jake Tapper တို့ဟာ အဲဒီလှူဒါန်းမှုတွေ ပြုလုပ်ဖို့ တလလောက် လုပ်ကိုင်ခဲ့ကြပြီး အဖွဲ့အတွက် ရန်ပုံငွေရရှိနိုင်ရေး အဲဒီဆိုင်ကယ်ကိုလေလံပစ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

တကယ်လို့ အဲဒီ့လေလံပွဲပြုလုပ်ဖြစ်ရင်တော့ ကြမ်းခင်းဈေး ဒေါ်လာ ၂ သောင်း ၈ ထောင်ကနေ စမှာဖြစ်ပါတယ်။ လေလံအောင်သူကတော့ အဲဒီဆိုင်ကယ်ကို လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Harley ကုမ္ပဏီမှာ သွားထုတ်မှာဖြစ်ပြီး မင်းသားကိုယ်တိုင်က အဲဒီဆိုင်ကယ်ပေါ်မှာ လက်မှတ်ရေးထိုးပေးဦးမှာ ဖြစ်ပါတယ်။ အဲဒီဆိုင်ကယ်အမျိုးအစားကတော့ ၂၀၁၇ ခုနှစ် မော်ဒယ် Harley-Davidson 2017 FLHTK Ultra Limited Series ဖြစ်ပါတယ်။

တဆက်တည်းပြောရမယ်ဆိုရင် မင်းသား George ဟာ အီတလီနိုင်ငံမှာ စကူတာဆိုင်ကယ်မတော်တဆမှု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအတွက် ဇနီးဖြစ်သူ Amal က နောက်ဆိုရင် နှစ်ဘီးတပ် ဆိုင်ကယ် မစီးဖို့ ပြောခဲ့တာ ရှိပါတယ်။

eBay မှာ ဖော်ပြထားတဲ့ အဲဒီဆိုင်ကယ်ကြော်ငြာမှာတော့ “George ဟာ Harley အသစ်တစီးကို ဝယ်လိုက်ပါပြီ။ တကယ်လို့ သင်တို့ လေလံမှာနိူင်ရင် သင်တို့အပိုင်ပါပဲ။ လော့စ်အင်ဂျလိစ်မှာ လာထုတ်ရပါမယ်။ George က သင်တို့အတွက် လက်မှတ်ထိုးပေးဦးမှာပါ” လို့ ဖော်ပြထားပါတယ်။

Ref: etcanada

The post စစ်ပြန်တွေကို ကူညီဖို့ အကြိုက်ဆုံး ဆိုင်ကယ်ကို ရောင်းချတော့မယ့် George Clooney appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...