Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သွားတိုက်ဆေး၊ သွားတိုက်တံနဲ့ ကျနော်က ညီအစ်ကိုတွေပါ”

$
0
0

Hip Hop အဆိုတော် G Fatt ကတော့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သွားတိုက်တံနဲ့ သွားတိုက်နေတဲ့ပုံစံကို Troll ကြခံရပြီးနောက်မှာ G Fatt နဲ့ သွားတိုက်ဆေး၊ သွားတိုက်တံတို့ဟာ ညီအစ်ကိုတွေလို ဖြစ်နေပြီလို့ ပြောပါတယ်။

ဂျပန်မှာ သွားရောက်ဖျော်ဖြေခဲ့စဉ်က သူ့ပရိသတ်တဦးက သွားတိုက်ဆေး၊ သွားတိုက်တံတို့ကို လက်ဆောင် လာရောက်ပေးခဲ့တဲ့အတွက် အံ့သြဝမ်းသာခဲ့ရပြီး ရယ်လည်းရယ်ရခဲ့တယ်လို့ ပြောပါတယ်။

“ဂျပန်မှာတုန်းက တယောက်က ပြေးလာပြီးတော့ ခဏလေးနေဦး ပြောစရာရှိလို့ဆိုပြီးတော့ ပြောတော့ ရပ်စောင့်နေတာ။ ခဏနေတော့ ပြေးလာပြီးတော့ သွားတိုက်ဆေးနဲ့ သွားတိုက်တံရယ် အိတ်တလုံး လက်ဆောင် ပေးသွားတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်။ ရယ်စရာပေါ့နော်”လို့ G Fatt က ပြောပါတယ်။

“ကျနော့်အတွက် သူပေးတဲ့လက်ဆောင်က Surprise ပေါ့နော်။ အဲဒါကို အပျော်သဘောနဲ့ Facebook ပေါ် တင်လိုက်တာပါ။ သွားတိုက်ဆေး၊ သွားတိုက်တံနဲ့ ကျနော်နဲ့က ညီအစ်ကိုတွေပါ”လို့ G Fatt က ဆိုပါတယ်။

ဂျပန်သွားရောက်ခဲ့စဉ်က ပရိသတ်များက စားသောက်ဆိုင်မှာတွေ့ရင်လည်း သူတို့စားသမျှကို သူတို့ရဲ့လစာလေးများနဲ့ ရှင်းပေးကြတဲ့အတွက် အရမ်းအားနာဖို့ကောင်းပြီး ပျော်ဖို့လည်းကောင်းခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီက ဂျပန်ပရိသတ်တွေနဲ့တွေ့ရင် သူတို့အလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ တွေ့ရင်လည်း ကျနော်တို့ စားထားတာတွေပါ ရှင်းပေးတယ်။ အရမ်းအားနာဖို့ ကောင်းတယ်။ မရှင်းနဲ့ဆိုလည်း မရဘူး။ သူတို့လစာလေးတွေထဲက ရှင်းသွားကြတာ။ မလုပ်ပါနဲ့ အတင်းပြောရတယ်။ အဲဒါလေးတွေလည်း ပျော်ဖို့ကောင်းတယ်” လို့ G Fatt က ပြောပါတယ်။

G Fatt ကတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ သူ့ရဲ့အနုပညာသက်တမ်း ၉ နှစ်အတွင်း ပထမဆုံး တကိုယ်တော် ဖျော်ဖြေပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ချစ်သူဖြစ်တဲ့ နန်းဆုရတီစိုးကတော့ သူ့ရဲ့ရှိုးပွဲနဲ့ ပတ်သက်ပြီးတော့ သူလိုအပ်နေတဲ့အပိုင်းတွေကို သေသေချာချာ စဉ်းစားပြီးတော့ လိုက်ကူညီပေးပြီး ရှိုးပွဲမှာ ပါဝင်သွားမလားဆိုတာကိုတော့ လျှို့ဝှက်ထားဦးမယ်လို့ပြောပါတယ်။

“ချစ်သူနဲ့ပတ်သက်ပြီးတော့ကတော့ လျှို့ဝှက်ထားချင်ပါတယ်။ ဒီပွဲလုပ်တာက ကျနော်တယောက်တည်းနဲ့ မပြီးပါဘူး။ သူငယ်ချင်းတွေရော ဝိုင်းအကြံပေးကြပါတယ်။ သူကလည်း ကျနော် လိုအပ်နေတဲ့အပိုင်းတွေ ကျနော်ဟာနေတဲ့ ကွက်လပ်တွေကို သေသေချာချာစဉ်းစားပေးပြီးတော့ အကုန်လုံးလိုက်ကူညီပေးပါတယ်” လို့ G Fatt ကပြောပါတယ်။

The post “သွားတိုက်ဆေး၊ သွားတိုက်တံနဲ့ ကျနော်က ညီအစ်ကိုတွေပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles