Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သမီးလေးနဲ့ ဆက်ဆံရေးကတော့ တခြား သားအဖတွေလိုပါပဲ”

$
0
0

အဆိုတော် ချမ်းချမ်းနဲ့ ဒါရိုက်တာ ဘုဏ်းသိုက်တို့ နှစ်ဦးဟာ တရားဝင် ကွာရှင်းထားကြပေမယ့် သမီးဖြစ်သူ မြမိုးဂင်္ဂါနဲ့ ဆက်ဆံရေးဟာတော့ တခြားအဖေတွေလိုပါပဲလို့ ဘုဏ်းသိုက်ကပြောပါတယ်။

“သမီးနဲ့ ဆက်ဆံရေးကတော့ တခြား သားအဖတွေလိုပါပဲ။ ပျော်စရာ ကောင်းတယ်။ တခြားလူတွေ လိုပါပဲ။ တာဝန်ယူမှုကလည်း တခြားအဖေ၊ အမေတွေ ယူသလိုမျိုး တာဝန်ယူမှုမျိုးပါပဲ။ ကျနော်နဲ သူနဲ့ကြားမှာ ထူးခြားတဲ့ဟာမျိုးကြီး မရှိပါဘူး။ အဓိကက သားသမီးအတွက် မိဘတယောက်က တာဝန်ယူရတာက အပြည့်ပေးဖို့ စဉ်းစားနေတဲ့သူတွေကြီးပါပဲ” လို့ ဘုဏ်းသိုက်က ပြောပါတယ်။

သမီးလေးကတော့ မိခင်ဖြစ်သူ အဆိုတော်ချမ်းချမ်းနဲ့ အတူတကွ နေထိုင်လျက် ရှိပါတယ်။ဘုဏ်းသိုက်ကတော့ ရုပ်ရှင်ဇာတ်ကားများကို ဖန်တီးထားပြီး မကြာခင်မှာလည်း သူရိုက်ကူးထားတဲ့ “လောဘနွံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ပြသဖို့ရှိတယ်လို့ ပြောပါတယ်။

“ကျနော်က လောလောဆယ် “စားကျက်” ကို Post Production လုပ်နေတယ်။ ပြီးတော့ ဖားကန့်မှာ သွားရိုက်ထားတဲ့ လောဘနွံဆိုတဲ့ကား အဲဒီကားလည်း ကိုလူမင်းရယ် ကျနော်ရယ် အေးမြတ်သူရယ်ပေါ့။ အဲဒီကားလေးလည်း ပြတော့မယ် ထင်တယ်။ ကျန်တာကတော့ ကျနော်အခု ဇာတ်ညွှန်းတခု ရေးနေတယ်။ အဲဒါကတော့ နောက်မှပဲ ပြောတော့မယ်။ ကိုလူမင်းနဲ့ပဲ တွဲပြီး လုပ်နေတာပေါ့” လို့ ဒါရိုက်တာ ဘုဏ်းသိုက်က ပြောပါတယ်။

သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက် (ဓာတ်ပုံ – Bhone Thike’s Facebook)

“စားကျက်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဘုဏ်းသိုက်အနေနဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်အနေနဲ့ တာဝန်ယူခဲ့ပြီး အဲဒီလိုတာဝန်ယူဖို့အတွက် အများကြီးပြင်ဆင်ခဲ့တာကြောင့် အခက်အခဲ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ပြောပါတယ်။

“စားကျက်က ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာရယ် သရုပ်ဆောင်ရယ်ပေါ့။ တာဝန်ကြီးတာတော့ အမှန်ပဲပေါ့နော်။ ဒီကား မရိုက်ခင်ကဆို ကိုသားညီဆိုရင် ကျနော့်ကို Message ကနေ ဒီလိုတာဝန်ကြီးတဲ့ဟာကို လုပ်နေတဲ့အတွက် စိတ်ပူတဲ့အကြောင်း၊ ယုံလည်းယုံတဲ့အကြောင်း လှမ်းပြောတယ်”

“အဲဒီ မတိုင်ခင်ကတည်းက ကျနော် မရိုက်ခင် ၈ လပေါ့။ ဇာတ်ညွှန်းပိုင်းကို ပြင်ဆင်တာ ၆လပေါ့။ ၂ လလောက် အလိုမှာလည်း ကျနော့် DOP က အမေရိကားမှာနေတော့ Messenger ကနေပြီးတော့ ဘယ်အခန်းကို ဘယ်ကင်မရာနဲ့ ရိုက်ကြမယ်ပေါ့။ အဲဒီလိုတွေ မရိုက်ခင်မှာ ကျနော်တို့က Pre Production ကို သေချာ လုပ်ထားတယ်”

“Pre Production ဒီဇိုင်နာတွေကလည်း ကူပေးတော့ ဖိအားများတယ်ဆိုပေမယ့် အဲဒီဖိအားက ကျနော်ကိုယ်တိုင် သေချာပြင်ဆင်ပြီး ယူထားတဲ့ ဖိအားဖြစ်တဲ့အတွက် ဘာမှအခက်အခဲ မဖြစ်ပါဘူး”လို့ ဘုဏ်းသိုက်က ပြောပါတယ်။ အဲဒီ “စားကျက်” ရုပ်ရှင်ဇာတ်ကားမှာတော့ နိုင်းနိုင်း၊ မင်းဦး၊ ဘုဏ်းသိုက်နဲ့ သက်မွန်မြင့် အစရှိတဲ့ သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားပါတယ်။

The post “သမီးလေးနဲ့ ဆက်ဆံရေးကတော့ တခြား သားအဖတွေလိုပါပဲ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...