ဟောလိဝုဒ်မင်းသမီး Nicole Kidman ဟာ တချိန်တုန်းက သီလရှင်ဝတ်ချင်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းနဲ့ နာမည်ကျော် တယောက်ဖြစ်လာမယ်လို့ မထင်ခဲ့ဖူးတဲ့အကြောင်း Allure မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
အော်စကာဆုရှင်မင်းသမီး Nicole ဟာ “Boy Erased” ရုပ်ရှင်မှာ ဆယ်ကျော်သက်အရွယ် သားဖြစ်သူက ဂေးလ်ဖြစ်နေလို့ ပြောင်းလဲဖို့ ကုထုံးခံယူဖို့စေလွှတ်ခဲ့တဲ့ ခရစ်ယာန်မိခင်တဦးအနေနဲ့ သရုပ်ဆောင်ထားတဲ့ အကြောင်းလည်း ပြောကြားခဲ့သည်။
သူ့ရဲ့ဇာတ်ကောင်ဟာ သားဖြစ်သူအပေါ် ထားရှိတဲ့အချစ်နဲ့ သူ့ရဲ့ ကံကြမ္မာကို ညှိနှိုင်းစေဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။
အိုင်းရစ်ကတ်သလစ်မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့ မင်းသမီး Nicole က “ကျမက ဘုရားသခင်ကို တော်တော်လေး ယုံကြည် တဲ့ ယုံကြည်ချက်ပြင်းထန်သူတဦးပါ။ သီလရှင်ဝတ်ဖို့ ကျမသဘောကျပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလမ်းကြောင်းကို သွားဖို့ ကျမ မရွေးခဲ့ပေမယ့် ကျမကို အဲဒီအထဲဆွဲခေါ်သွားခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် “Destroyer” ရုပ်ရှင်မင်းသမီး Nicole က ဟောလိဝုဒ်ကို ရောက်စေမယ့် အနုပညာလမ်းကို ဦးတည်ရွေးချယ်ခဲ့ပြီး နာမည်ကျော်တယောက်ဖြစ်လာမယ်လို့လည်း သူ့ကိုယ်သူ မထင်မှတ်ခဲ့တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သူက “ကျမက နာမည်ကျော်တယောက် မဟုတ်ပါဘူး။ ကျမက ရုပ်ရှင်စတားတယောက်လည်း မဟုတ်ပါဘူး။ ကျမက သရုပ်ဆောင်တယောက်လိုပဲ ခံစားခဲ့ရတာပါ။ ဘီယွန်းစေးက နာမည်ကျော်တယောက်ဖြစ်ပါတယ်။ အဲဒါဟာ ပိုပြီးကြီးမား တဲ့ အရာတခုဖြစ်ပါတယ်” လို့ဆိုပါတယ်။
အဲဒီအင်တာဗျူးမှာ မင်းသမီးဟာ မင်းသမီး Reese Witherspoon နဲ့ အိမ်ချင်းကပ်နေထိုင်ရတဲ့အကြောင်း ပြောဆိုခဲ့ပြီး သူ့ရဲ့ခင်ပွန်း Keith Urban နဲ့လည်း သုံးယောက်ပေါင်းပြီး ဟာသတွေပြောဖြစ်ကြတယ်လို့ ဆိုပါတယ်။
Ref: etcanada
The post တချိန်က သီလရှင်ဝတ်ချင်ခဲ့ဖူးတယ်လို့ မင်းသမီး Nicole Kidman ပြောဆို appeared first on ဧရာဝတီ.