Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကယ်လီဖိုးနီးယားတောမီးသင့်သူတွေကို ပီဇာ၊ ကော်ဖီနဲ့ လက်ဆောင်ကတ်တွေ ပေးခဲ့တဲ့ လေဒီဂါဂါ

$
0
0

အဆိုတော်လေဒီဂါဂါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့အကြင်နာတရားနေ့မှာ ကယ်လီဖိုးနီးယားတောမီးကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတဲ့ မီးသင့်ခဲ့သူတွေအတွက် ပီဇာနဲ့ လက်ဆောင်ကတ်တွေ ယူသွားပေးခဲ့ပါတယ်။

Woolsey မီးဘေးကြောင့် မာလီဘူးမြို့က အိမ်ကနေ ထွက်ပြေးခဲ့ရတဲ့ လေဒီဂါဂါက ဒီနှစ်အတွက် အကြိုက်နှစ်သက်ဆုံးနေ့အဖြစ် အခုလိုမျိုး ကြင်နာမှုကိုပြသခဲ့တဲ့ အကြောင်းပြောထားတဲ့ ဗီဒီယိုတခုကို အဲဒီနေ့မှာတင်ခဲ့ပြီး ကြက်ခြေနီကယ်ဆယ်ရေး စခန်းတခုဆီကို သွားရောက်ခဲ့တဲ့ အကြောင်း ရှင်းပြထားပါတယ်။

ဗီဒီယိုထဲမှာ ကားစီးနေတဲ့ လေဒီဂါဂါက “အိမ်တွေကနေ ထွက်ပြေးခဲ့ကြရသူတွေရှိတဲ့ ကယ်လီဖိုးနီးယားက ကယ်ဆယ်ရေးစခန်းတခုကို ကျမအခုသွားနေပါတယ်။ ဒါဟာ ဒီနေ့အတွက် ကျမရဲ့ ကြင်နာမှုလုပ်ရပ်တခုဖြစ်ပြီး ရှင်တို့လည်း ဒီလိုမျိုး လုပ်ဆောင်ဖို့ ခွန်အားပေးချင်ပါတယ်။ ကြင်နာကြပါ” လို့ပြောဆိုခဲ့ပါတယ်။

သူမဟာ ပီဇာပုံးတွေကို သယ်နေတဲ့ လျှပ်တပြက်ပုံကိုလည်း ဝေမျှခဲ့ပြီး ပုံစာမှာတော့ “ကယ်ဆယ်ရေးစခန်းအတွက် လတ်လတ်ဆတ်ဆတ် ပီဇာပူပူလေး၊ ကော်ဖီနဲ့ လက်ဆောင်ကတ်တွေပါ” လို့ ရေးသားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် အဆိုတော်ဟာ စေတနာ့ ဝန်ထမ်းတွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံကိုလည်း တင်ခဲ့ပြီး Woolsey Fire မီးလောင်ကျွမ်းမှု အဝန်းအဝိုင်းကို ပြသထားတဲ့ အမှိုက်ပုံတခုရဲ့ ရှေ့မှာရိုက်ကူးထားတဲ့ အခြားဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။

သူမက “ကျမတို့မှာ အချင်းချင်း ရိုင်းပင်းကူညီဖို့ပဲ ရှိတာပါ။ ကြင်နာမှုဟာ ကမ္ဘာကြီးကို လည်ပတ်စေပါတယ်။ ကယ်လီဖိုးနီးယားပြည်သူတွေအတွက် အမိုးအကာ၊ အချစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထာက်ပံ့မှု လုပ်ပေးဖို့ ကြက်ခြေနီအဖွဲ့ကို ကျေးဇူးတင်ပါတယ်” လို့ ပုံစာရေးခဲ့ပါတယ်။

သူမဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မှာလည်း ကြက်ခြေနီကယ်ဆယ်ရေးစခန်းတခုကို သွားရောက်လည်ပတ်ခဲ့ပြီး ကယ်ဆယ်ထားသူတွေကို သီချင်းဆိုပြခဲ့တဲ့အပြင် အမှာစကားပြောတာ၊ ဓာတ်ပုံတွေ ရိုက်ကူးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

သူမဟာ တောမီးကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာပဲ အိမ်ကနေ ထွက်ပြေးခဲ့ရတဲ့ နာမည်ကျော်တွေထဲက တယောက်ဖြစ်ပါတယ်။

Ref:aceshowbiz

The post ကယ်လီဖိုးနီးယားတောမီးသင့်သူတွေကို ပီဇာ၊ ကော်ဖီနဲ့ လက်ဆောင်ကတ်တွေ ပေးခဲ့တဲ့ လေဒီဂါဂါ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...