နာမည်ကျော် တောင်ကိုရီးယား အဆိုတော်အဖွဲ့ BTS ဟာ ပရိသတ် ၁ သိန်းလောက်တက်ရောက်ခဲ့တဲ့ တိုကျိုမြို့က ဖျော်ဖြေပွဲနှစ်ခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အကြောင်း အဖွဲ့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
BTS အဖွဲ့ဟာ နိုဝင်ဘာလ ၁၃ရက်နဲ့ ၁၄ ရက်နေ့တုန်းက Tokyo Dome မှာပြုလုပ်ခဲ့တဲ့ “Love Yourself” ဖျော်ဖြေပွဲတွေအတွင်း “I Need You”၊ “Run” နဲ့ “DNA” သီချင်းကို ဂျပန်ဗားရှင်းတွေ အပါအဝင် သီချင်းအပုဒ်ရေ ၃၀ ကို တိုက်ရိုက် သီဆိုခဲ့ပါတယ်။
သူတို့ရဲ့နောက်ဆုံး ထွက်ရှိထားတဲ့ ဂျပန် Single အယ်လ်ဘမ်ထဲက “Fake Love” သီချင်းကို ဖျော်ဖြေခဲ့ရာမှာလည်း ပရိသတ်တွေရဲ့ စိတ်အားထက်သန်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲတွေ မတိုင်ခင်မှာ BTS အဖွဲ့ဝင် Jimin ဟာ အဏုမြူဗုံးပါဝင်တဲ့ အကျီကို ဝတ်ဆင်ခဲ့တဲ့အတွက် လက်ယာယိမ်း ဂျပန်မီဒီယာတွေရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ အေဂျင်စီက တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး အဏုမြူဗုံး ဒဏ်ခံစားခဲ့ရသူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
သူတို့ဖျော်ဖြေပွဲလုပ်ခဲ့တဲ့နေရာမှာ အဖွဲ့ကို အားပေးဖို့ ရောက်လာတဲ့ ပရိသတ်တွေနဲ့ ပြည့်နှက်နေခဲ့ပြီး ၂ ရက်ကြာခဲ့ပြီဖြစ်တဲ့ လယ်ယာယိမ်းတွေရဲ့ ဆန္ဒပြမှုတွေနဲ့လည်း ကြုံတွေ့ခဲ့တာ မရှိခဲ့ပါဘူး။
BTS အဖွဲ့ဟာဝင်ဘာလ ၂၁၊ ၂၃ နဲ့ ၂၄ ရက်နေ့ တို့မှာ Osaka Kyocera Dome၊ ဇန်နဝါရီလ ၁၂ နဲ့ ၁၃ ရက်နေ့တို့မှာ Nagoya Dome နဲ့ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တို့မှာ Fukuoka Yahuoku! Dome တွေမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက် ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ဂျပန်ဖျော်ဖြေပွဲ အားလုံးရဲ့လက်မှတ်တွေကိုလည်း ကုန်စင်အောင် ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။
Ref : Yonhap
The post အငြင်းပွားဖွယ် ဓာတ်ပုံကိစ္စဖြစ်နေပေမယ့် BTS အဖွဲ့ရဲ့ ဂျပန်ဖျော်ဖြေပွဲကို ပရိသတ် သိန်းချီတက်ရောက် appeared first on ဧရာဝတီ.