Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အသက်ဘယ်လောက်ကြီးကြီး အိမ်ထောင်ပြုဖို့က နီးမှာ မဟုတ်ဘူး”

$
0
0

မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ ရတဲ့ စူပါမော်ဒယ်များထဲက တဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ မော်ဒယ် J Naw ကတော့ မိခင်ဖြစ်သူက အိမ်ထောင်ပြုဖို့အတွက် တိုက်တွန်းနေပေမယ့် သူမကတော့ အသက်ဘယ်လောက်ကြီးကြီး အိမ်ထောင်ပြုဖို့က နီးလာမှာ မဟုတ်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အသက်ဘယ်လောက်ကြီးကြီး အိမ်ထောင်ပြုဖို့က နီးမှာ မဟုတ်ဘူး။ မေမေကတော့ တာဆူနေတာပေါ့နော်။ ကိုယ့်သမီး အသက်ကြီးလာပြီဆိုတော့ နောက်ထပ်မွေးနေ့တွေကျရင် သူ့သမီးကို လိုချင်တဲ့သူတွေ မရှိတော့မှာစိုးလို့။ အသက်ကြီးသွားရင် အခုခေတ်က မလိုချင်ကြဘူးလေ။ ငယ်ငယ်ချောချောလေးတွေပဲ ကြိုက်ကြတာလေ” လို့ J Naw ကပြောပါတယ်။

အခုလက်ရှိ အချိန်ထိတော့ တကိုယ်တည်းအနေနဲ့ ရှိနေပြီး အိမ်ထောင်ပြုစေချင်နေပြီဖြစ်တဲ့ မိခင်ကို အတိုက်အခံ လုပ်ထားရတယ်လို့ J Naw က ဆိုပါတယ်။

“အမေရယ် ငယ်ပါသေးတယ်ပေါ့။ အိမ်ထောင်မပြုချင်ပါဘူးပေါ့။ အပျိုကြီးပဲ လုပ်ခွင့်ပေးပါပေါ့။ ပူဆာရတာပေါ့။ မေမေကတော့ ခွင့်မပြုပါဘူး။ ဒါပေမဲ့ အခုချိန်ထိတော့ အတိုက်အခံလုပ်ပြီးတော့ Single ဘဝပဲ ရှိနေပါသေးတယ်” လို့ J Naw က ပြောပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာတော့ သန်လျင်ကျောက်တန်းမှာရှိတဲ့ ရွှေနှလုံးတော် မိဘမဲ့ဂေဟာမှာ အလှူအတန်းများ ပြုလုပ်ပြီး ဖြတ်သန်းခဲ့ပါတယ်။

“ဒီနှစ်တော့ ဘာမှ မရှိတော့ဘူး။ ပုံမှန်တော့ Birthday Party ရှိတယ်။ Dinner တွေ လုပ်ဖြစ်တယ်။ ဒါကတော့ ငယ်သေးတဲ့အချိန်မှာ မွေးနေ့ပွဲတွေ လုပ်ကြတယ်ပေါ့။ အခုကျတော့ အသက်လည်းကြီးလာပြီဆိုတော့ အပျော်အပါးတွေထက်စာရင် ကိုယ့်ထက်ကို လိုအပ်နေတဲ့ သူတွေကို တထောင့် တနေရာပဲဖြစ်ဖြစ် မေတ္တာပြတာမျိုးပဲဖြစ်ဖြစ် ပိုပြီးသဘောကျလာတယ်။ ပိုပြီး ကြိုက်လာတယ်” လို့ J Naw က ပြောပါတယ်။

J Naw ကတော့ အသက် တနှစ်ထက် တနှစ် ပိုကြီးလာတာနဲ့အမျှ အသက်ရှည်ကျန်းမာစွာနဲ့ စိတ်ချမ်းသာစွာနေချင်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ လူအများကို ပျော်ရွှင်အောင် လုပ်ပေးခြင်းတယ်လို့ ပြောပါတယ်။

“အလိုချင်ဆုံးဆု ဆိုရင်တော့ အသက်ရှည်ကျန်းမာပြီးတော့ စိတ်ချမ်းသာချင်တယ်။ စိတ်မဆင်းရဲချင်ဘူး။ အဓိက စိတ်ချမ်းသာပြီဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ ကိုယ်တိုင်မှ စိတ်မချမ်းသာဘူးဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတော့ အဓိကက စိတ်ချမ်းသာချင်တယ်” လို့ J Nawက ပြောပါတယ်။

J Naw ကတော့ အလှူအတန်းများစွာ လုပ်တဲ့ လူငယ် အနုပညာရှင်တယောက်ဖြစ်ပြီး ယခင်ကလည်း သူမ ရရှိခဲ့တဲ့ အနုပညာချွေးနှဲစာများကို လိုအပ်နေတဲ့သူများကို သွားရောက်လှူတန်းခဲ့တာတွေ ရှိခဲ့ပါတယ်။

The post “အသက်ဘယ်လောက်ကြီးကြီး အိမ်ထောင်ပြုဖို့က နီးမှာ မဟုတ်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...