Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Hollywood Walk of Fame”မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ Snoop Dogg

$
0
0

အဆိုတော်၊ သရုပ်ဆောင်နဲ့ ထုတ်လုပ်သူ Snoop Dogg ဟာ သူ့ရဲ့ အနုပညာလုပ်ငန်းတွေနဲ့အတူ စွန့်ဦးတီထွင်သူ၊ ပရဟိတသမားတဦးအနေနဲ့ ထူးချွန်သူဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ တုန်းက “Hollywood Walk of Fame” မှာ ကြယ်ပွင့်တခုနဲ့ ဂုဏ်ပြုခံခဲ့ရတယ်လို့ သိရပါတယ်။

သူဟာ Hollywood Boulevard မှာ ၂၆၅၁ ခုမြောက် ကြယ်ပွင့်အနေနဲ့ ဂုဏ်ပြုခံခဲ့ရတာလည်း ဖြစ်ကြောင်း ဟောလိဝုဒ် ကုန်သည်များအသင်းက ပြောဆိုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Long Beach မှာ ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Calvin Broadus ဟာ Peanuts ကာတွန်းဇာတ်ကောင် Snoopy နဲ့ တူလို့ မိခင်ဖြစ်သူ Beverly က နောက်ပြောင် ခေါ်ဆိုရာကနေ အနုပညာနာမည် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Snoop Dogg ဟာ သူ့ကို ကြည့်ရှုအကဲဖြတ်ပေးခဲ့ကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူက “ကျနော့်ကို ကျနော် ယုံကြည်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ချင်ပါတယ်။ ဒီလိုမျိုး ခက်ခဲတဲ့ အလုပ်တွေ အားလုံးကို လုပ်နိုင်ခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ချင်ပါတယ်။ နားရက်မရှိ အလုပ်လုပ်ခဲ့ရတာကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ အရှုံးမပေးခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်”

“အမြဲ ကိုယ်က ချည်းပေးသူ ဖြစ်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျနော် ရရှိတာထက်ပိုပြီး ပေးနိုင်အောင် ကြိုးစားနေပါတယ်။ အမှားထက် အမှန်တွေ ပိုလုပ်နိုင်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ တချိန်လုံး ကျနော်ဟာ ကျနော်ပဲဖြစ်ခဲ့လို့ ကျေးဇူးတင်ပါတယ်” လို့ တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သူ့ကိုလည်း တခြားပုဂ္ဂိုလ်တွေက ချီးကျူးခဲ့ကြပါသေးတယ်။ “Soul Plane”, “Starsky & Hutch”, “Training Day”, “Half Baked” နဲ့ “Pitch Perfect 2” အစရှိတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင် သရုပ် ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်သံအစီအစဉ်တွေကိုလည်း အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။

သူဟာ ဆေးခြောက်ကို အဓိကထားတဲ့ မီဒီယာကုမ္ပဏီ Merry Jane ရဲ့ ပူးတွဲ တည်ထောင်သူလည်း ဖြစ်ပါတယ်။ “Snoop Youth Football League” လို့ ခေါ်တဲ့ ကိုယ်ပိုင်းဘောလုံးလိဂ်ကိုလည်း ထူထောင်ထားပြီး အဲဒီ့လိဂ်မှာ အသက် ၅ နှစ်ကနေ ၁၃ နှစ် အထိ ကလေးတွေ ပါဝင် ကစားကြပါတယ်။

Ref: upi

The post “Hollywood Walk of Fame” မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ Snoop Dogg appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ