Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသားအရေထိန်းသိမ်းနည်းအကြောင်း ပြောပြတဲ့ ဝတ်မှုံရွှေရည်

$
0
0

ကစ်ကစ်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ ယနေ့အချိန်ထိ သူမအောင်မြင်နေရတဲ့ အချက်တွေထဲမှာတော့ အလုပ်လုပ်ရင် ခေါင်းအေးအေးနဲ့ လုပ်ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်နေရင်ကို ပျော်နေတာပါပဲ။ အလုပ်မှာတော့ အမြဲတမ်း Stress ကတော့ရှိတာပေါ့။ အလုပ်လုပ်တဲ့သူတိုင်းပါပဲ။ အဲဒါကို Balance လုပ်ရတာပေါ့။ Stress များရင်လည်း အလုပ် မပြီးဘူးလေ။ အေးအေးဆေးဆေးနဲ့ ခေါင်းအေးအေးထားပြီး လုပ်တယ်။ Stress တွေရှိရင်လည်း ခေါင်းအေးအေးနဲ့ စဉ်းစားတယ်။ ကိုယ်လုပ်စရာရှိတာကို အေးအေးဆေးဆေးလေးနဲ့ပဲ အမြဲတမ်းလုပ်ပါတယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မကြာသေးမီအချိန်က အသက် ၃၀ပြည့်သွားပြီဖြစ်ပေမယ့် မထင်မှတ်ရအောင် ဆယ်ကျော်သက်တယောက်လို နုပျိုလှပနေဆဲဖြစ်ပါတယ်။ သူမရဲ့အလှအပကို ဘယ်လိုထိန်းသိမ်းလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

“အလှအပကတော့ ကိုယ့်ရဲ့ အသားအရေကို အမြဲဂရုစိုက်သင့်တယ်။ ကစ်ဆိုရင် ငယ်ငယ်လေးကတည်းက ၁၃နှစ် ၁၄နှစ်ကတည်းက အသားအရေကို ဂရုစိုက်တယ်။ အဲ့အရွယ်ကတည်းက Skincare ကိုသေချာလုပ်တယ်။ ကိုယ်နဲ့တည့်တဲ့ Skincare ကို သေသေချာချာလေး လိမ်းပေးသင့်တယ်” လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

သူမရဲ့ အသားအရည်အတွက် Skincare ပိုင်းကို သေချာဂရုစိုက်ပြီး ရေများများသောက်တာနဲ့ Collagen သောက်ဖြစ်တယ်လို့ သိရပါတယ်။

“ထိန်းသိမ်းတာကတော့ အမြဲတမ်း Facial လုပ်တယ်။ ပုံမှန်လိမ်းနေကျ Skincare ကိုသေချာလိမ်းတယ်။ Skincare ကိုတော့ သေချာလိမ်းတယ်။ ဂရုစိုက်တယ်။ ရေများများသောက်တယ်။ Collagen သောက်တယ်။ ဘယ်လောက်အလုပ်များများ အလုပ်ရှုပ်ရှုပ် ညမိုးချုပ်ရင်လည်း မိတ်ကပ်ဖျက်ပြီးတော့မှ Skincare ကိုအဆင့်ဆင့်သေချာလုပ်တယ်။” ဝတ်မှုံရွှေရည်က ပြောပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမဖြတ်သန်းခဲ့တဲ့ အနုပညာလမ်းကြောင်းတလျှောက်မှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ယခုအချိန်ထိလည်း ပရိသတ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားများကို အဆက်မပြတ်ရိုက်ကူးလျက်ရှိပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ၊ ၂၀၁၄ခုနှစ်မှာတော့” နှလုံးသားဖြင့်ပြုလုပ်သည်”ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုဖြင့် အကယ်ဒမီဆုများရရှိထားပါတယ်။

The post အသားအရေထိန်းသိမ်းနည်းအကြောင်း ပြောပြတဲ့ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...