နာမည်ကျော် တဦးဖြစ်တဲ့ Paris Hilton ကိုလက်ဆောင်အဖြစ် ပေးထားတဲ့ စေ့စပ်လက်စွပ်ကို Paris ရဲ့ ချစ်သူဟောင်း မင်းသား Chris Zylka ဟာ ပြန်လိုချင်နေတယ်လို့ သိရပါတယ်။
‘Leftovers’ ရုပ်သံစီးရီးစတား Chris ဟာ သူ့ရဲ့ ချစ်သူဟောင်းဆီကနေ အဲဒီလက်စွပ်ကို ပြန်လိုချင်နေပေမယ့် Paris ကတော့ သူ့ရဲ့သူငယ်ချင်း Michael ဆီကနေ ရရှိထားတဲ့ လက်စွပ်ဖြစ်တဲ့အတွက် ပြန်ပေးဖို့ အစီအစဉ်မရှိဘူး လို့ ဆို ပါတယ်။
သူတို့စုံတွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက “လက်စွပ်တွေက Paris ပိုင်ဆိုင်တာဖြစ်ပါတယ်” လို့ Page Six ကဏ္ဍကို ပြောကြားထားပါတယ်။
ဒါပေမယ့် မင်းသားရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က Chris ဟာ လက်စွပ်ကို ဝယ်ပေးခဲ့တာ ဖြစ်ပြီး သူ့မှာလည်း ကိုယ်ပိုင်ငွေရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ သတင်းရင်းမြစ်တွေမှာ တော့ Paris က Chris ကိုလက်ထပ်မယ့် မင်္ဂလာပွဲဟာ ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုပါတယ်။
သူတို့နှစ်ဦးဟာ စေ့စပ်ပွဲပါတီလုပ်ခဲ့ကြဖူးတာ မရှိတဲ့အပြင့် Chris ရဲ့မိဘတွေရဲ့ Paris ရဲ့ မိဘတွေလည်း မတွေ့ဖူးကြဘူး လို့ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ၁၁ လပိုင်း ၁၁ ရက်နေ့မှာ လက်ထပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ပရိသတ်တွေက အံ့သြခဲ့တာမရှိခဲ့ပါဘူး။ သူတို့နှစ်ဦးဟာ အဲဒီပွဲမတိုင်မီ သီတင်းပတ် အနည်းငယ်ကတည်းက လမ်းခွဲခဲ့ကြတာ ဖြစ်တယ်လို့ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ရေး ဖြစ်ပျက်ပြောင်းလဲမှုဟာ အရမ်းလျင်မြန်တဲ့အပြင့် Paris က သူ့အတွက် အချိန်မတန်သေးဘူးလို့ သဘောပေါက်ခဲ့တာလို့ဆိုပါတယ်။
ဒါပေမယ့် ချစ်သူဟောင်း မင်းသား Chris နဲ့စေ့စပ်လိုက်ပြီးကတည်းက သူဟာ အရင်ကလောက် မပျော်ရွှင်ရတော့ဘူးလို့ မကြာသေးခင်ကဝန်ခံပြောပြီးတဲ့နောက် လက်ထပ်ပွဲဖျက်လိုက်တဲ့သတင်း ထွက်ပေါ် လာတာပါ။
ဒါပေမယ့် Chris ကတော့ သူ့တွေ့ဖူးသမျှမိန်းမတွေထဲမှာ Paris ဟာ အသိဉာဏ် အကြွယ်ဆုံး ဖြစ်ပြီး သူ့အတွက်လည်း အကြံတွေပေးခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် လက်ထပ်ပွဲပါပျက်သွား ရတဲ့အထိ ဖြစ်ခဲ့ရတဲ့ တကယ့်အကြောင်းရင်းမှန်ကိုတော့ ဘယ်သူမှ တိတိကျကျ မသိပါဘူး။
Ref: asiaone
The post Paris Hilton ထံကနေ စေ့စပ်လက်စွပ်ကို လိုချင်နေတဲ့ ချစ်သူဟောင်း appeared first on ဧရာဝတီ.