Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အိမ်ထောင်ကျတဲ့အချိန်ထိ ကံကောင်းချင်ပါတယ်”

$
0
0

၂၀၁၆ ခုနှစ်လောက်ကတည်းကစပြီး အချစ်ရေးနဲ့ ပတ်သက်ပြီး ကံကောင်းခြင်းတွေကို ဆက်တိုက်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အေးမြတ်သူက ဆက်လက်ပြီးတော့လည်း ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ချင်သေးတယ်လို့ ဆိုပါတယ်။ အဲ့ဒီကံကောင်းခြင်းတွေကို အိမ်ထောင်ကျသွားတဲ့ အထိယူသွားချင်တယ်လို့ ဆိုပါတယ်။

“၂၀၁၈ ခုနှစ် တနှစ်လုံး သုံးသပ်လိုက်မယ်ဆိုရင် တော်တော်ကံကောင်းခဲ့တယ်လို့ပြောလို့ရမယ်။ ကံကောင်းခဲ့တာ ၂၀၁၆ ခုနှစ်လောက်တည်းက ကံကောင်းတာ။ အဲ့ဒါကြီးက အခုထိ မရပ်သေးဘူး။၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ခုနှစ် အထိ ပါလာတာပေ့ါ။ အဲ့ဒီ Luck ကြီးကို အေးမြတ်သူ ၂၀၁၉ ခုနှစ်အထိသာမက အိမ်ထောင်ကျတဲ့အချိန်အထိ ဆက်တိုက်ယူသွားချင်ပါတယ်”

“ကံကောင်းတယ်ဆိုတာ ကိုယ်လည်းကောင်းတဲ့အရာတွေ လုပ်မှရမှာဆိုတော့ အေးမြတ်သူလည်း ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်။ အဲ့ဒါကံကောင်းဖို့အတွက် လုပ်တာပါ။ ကိုယ်လုပ်တာကောင်းမှ ကံကောင်းမှာကို။ ကံကောင်းဖို့အတွက် ကောင်းတဲ့အရာတွေ အေးမြတ်သူပိုပိုပြီး လုပ်သွားပ့ါမယ်” လို့ပြောပါတယ်။

ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အေးမြတ်သူက ပထမဦးဆုံးလုပ်ဖူးတဲ့ အလုပ်က သရုပ်ဆောင်အလုပ်မဟုတ်ဘူး၊ ဈေးရောင်းတဲ့ အလုပ်ပါလို့ ဆိုပါတယ်။

“အေးမြတ်သူ ပထမဦးဆုံးလုပ်ဖူးတဲ့ အလုပ်က သရုပ်ဆောင်အလုပ်မဟုတ်ဘူး၊ ဈေးရောင်းတဲ့ အလုပ်ပါ၊ ဈေးရောင်းပြီးမှ သရုပ်ဆောင်ဖြစ်တာပါ။ ဈေးရောင်းရတာ အရမ်းပျော်ပါတယ်။ စကားတွေလည်း အများကြီး ပြောရတယ် ပြီးတော့အထည်ရောင်းရတာကို ပိုပြီးတော့ သဘောကျပါတယ်”

“အေးမြတ်သူက မော်ဒယ်ဘဝကစတယ်။ အေးမြတ်သူဘယ်အလုပ်မဆို အကုန်လုပ်ပါတယ်။ လူကအိုလာဖို့အတွက် စိတ်ပျိုချင်တယ်။ အဲ့အတွက် ပတ်ဝန်းကျင်အသံတွေလည်း နားထောင်သလို ပျော်ပျော်ရွှင်ရွှင်လည်းနေပါတယ်” လို့ ပြောပါတယ်။

အသက် ၁၉ နှစ်ကတည်းက သရုပ်ဆောင်အလုပ်ကို ဆောင်ရွက်လာတဲ့ အေးမြတ်သူက အခုဆိုရင် အနုပညာနယ်ပယ်ထဲမှာ ကျင်လည်ခဲ့တာ ၁၂ နှစ်ရှိပြီဖြစ်ပါတယ်။ အေးမြတ်သူက အနုပညာအလုပ်အပြင့် စီးပွားရေးလည်း လုပ်ကိုင်ဖို့ကြိုးစားနေသူတဦး ဖြစ်ပါတယ်။

The post “အိမ်ထောင်ကျတဲ့အချိန်ထိ ကံကောင်းချင်ပါတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...