ပြီးခဲတဲ့နှစ်မှာ ပြသခဲ့တဲ့ “xXx: The Return Of Xander Cage” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းကနေ ရခဲ့တဲ့ စုစုပေါင်း ရုံဝင်ငွေပမာဏဖြစ်တဲ့ ဒေါ်လာ ၃၄၆ ဘီလီယံ ရဲ့တဝက်ကို တရုတ်နိုင်ငံကနေရရှိခဲ့ပါတယ်။
အခုတော့ အာရှက ပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ အဲဒီရုပ်ရှင်ကြောင့် တရုတ်ပေါ့ပ်အဆိုတော် Jay Chou ကို အက်ရှင်မင်းသား Vin Diesel နဲ့ ဘောလိဝုဒ်မင်းသမီးချော Deepika Padukone တို့ကို အသစ်ရိုက်ကူးမယ့် “xXx 4” ရုပ်ရှင်မှာ ပါဝင်စေဖို့ ထုတ်လုပ်သူတွေက ဆုံးဖြတ်လိုက်ကြပါပြီ။
တရုတ် သရုပ်ဆောင်တွေဖြစ်တဲ့ Zoe Zhang နဲ့ Roy Wang တို့ဟာလည်း ဒါရိုက်တာ D.J. Caruso ရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ ပါဝင်ကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ xXx ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ အဲဒီဒါရိုက်တာဟာ “The Fast And The Furious” ရုပ်ရှင်နဲ့ နာမည်ကျော်တဲ့ မင်းသား Vin Diesel ပါဝင်တာကြောင့်တကြောင်း သူဖန်တီးခဲ့တဲ့ ရုပ်ရှင်ကြောင့် တရုတ်နိုင်ငံမှာ နာမည်ကျော်ကြားလူကြိုက်များခဲ့ပါတယ်။
တခြားအက်ရှင် ဟီးရိုးတယောက်ဖြစ်တဲ့ ဂျက်ကီချန်းဟာလည်း xXx 4 မှာပါဝင်မှာဖြစ်ပြီး သူ့ရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီဟာလည်း လာမယ့်နှစ်မှာ စတင်ရိုက်ကူးမယ့် အဲဒီ့ရုပ်ရှင်မှာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေလည်း ပါဝင်ကြတယ်လို့ ဆိုပါတယ်။
အသက် ၃၉ နှစ်အရွယ် Jay ဟာ၂၀၁၁ ခုနှစ်မှာ “The Green Hornet” နဲ့ ၂၀၁၆ ခုနှစ်မှာ “Now You See Me 2” ရုပ်ရှင်တို့မှာ ပါဝင်ခဲ့ပြီး ဟောလိဝုဒ်လောကနဲ့ မစိမ်းသူတယောက်လည်း ဖြစ်ပါတယ်။
xXx 4 ရုပ်ရှင်အတွက် သူဖန်တီးမယ့်သီချင်းနဲ့ ဇာတ်ဝင်တေးတွေဟာလည်း ရုံဝင်ငွေကောင်းစေဖို့ တထောင့်တနေရာ ကနေ အထောက်အကူပြုလိမ့်မယ်လို့ ထုတ်လုပ်သူတွေက မျှော်မှန်းထားကြပါတယ်။
အဆိုတော် Jay ဟာ Rolling Stones, Jimi Hendrix, David Bowie နဲ့ Pharrell Williams တို့လိုမျိုး နာမည်ကျော် တွေနဲ့ တွဲပြီး သီချင်းတွေ ဖန်တီးခဲ့ဖူးပါသေးတယ်။
Ref:asiaone
The post “xXx 4” ရုပ်ရှင်မှာ မင်းသား Vin Diesel နဲ့ အတူ ပါဝင်ဖို့ရှိနေတဲ့ ထိုင်ဝမ်အဆိုတော် Jay Chou appeared first on ဧရာဝတီ.