Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဗီဒီယိုဈေးကွက် ပျက်သွားချိန်မှာ ယမင်းက ဟိုမရောက်၊ ဒီမရောက် ဖြစ်သွားတယ်

$
0
0

မော်ဒယ်လည်းဖြစ် သရုပ်ဆောင်တဦးလည်းဖြစ်တဲ့ ယမင်းမေဦးက ဗီဒီယိုဈေးကွက် ပျက်သွားချိန်မှ အနုပညာလောကကို ရောက်လာတဲ့အတွက် သရုပ်ဆောင်လည်း မဟုတ်၊ မော်ဒယ်လည်း မဟုတ်ဘဲ ဟိုမရောက် ဒီမရောက် ဖြစ်သွားတယ်လို့ မီဒီယာတွေကို ဆိုပါတယ်။

“လတ်တလောတော့ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ပွဲတွေ ရိုက်ဖြစ်တယ်။ စီးရီးတွေ ရိုက်ဖို့ပြောထားတာ တွေရှိပါတယ်။ ယမင် းရုပ်ရှင်ဇာတ်ကားတွေ ရိုက်ထားတာ ရှိပါတယ်။ ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ထားတာရှိပါတယ်။ ဗီဒီယိုဈေးကွက် မကောင်းတော့ ထုတ်လုပ်ရေးတွေက မထုတ်နိုင်ကြတော့တာကြောင့် ယမင်းဇာတ်ကားတွေက ပရိသတ်ရှေ့ ရောက်မလာတာပါ”

“ပိုးကောင်လေးများဇာတ်လမ်းတွဲက မကြာခင်တော့ ပရိသတ်ရှေ့ရောက်တော့မှာပါ။ ပိုးကောင် လေးများ ဇာတ်လမ်းတွဲက ယမင်းအတွက် ပထမဆုံးဖြစ်ပါတယ်။ ယမင်းက ဗီဒီယိုဈေးကွက်ပျက်သွားချိန်မှာ ယမင်းက ဟိုမရောက်၊ ဒီမရောက် ဖြစ်သွားတယ်။ သရုပ်ဆောင်လည်း မဟုတ် မော်ဒယ်လည်း မဟုတ်ပေါ့။ ဟိုမရောက်ဒီမရောက် ဖြစ်သွားတော့ ကြော်ငြာတွေ ပွဲတက်တွေပဲ အလုပ်များနေပါတယ်။ အားမလို အားမရတော့ မဖြစ်ပါဘူး”လို့ ယမင်းမေဦးက ဆိုပါတယ်။

ယမင်းမေဦးက လက်ရှိရောက်နေတဲ့ နေရာကို ကျေနပ်တယ်လို့ ဆိုပြီး အနုပညာအလုပ်တွေကို တဖြည်းဖြည်းချင်းလုပ်သွားမယ်လို့ ဆိုပါတယ်။

“ယမင်း ရောက်နေတဲ့နေရာကို ကျေနပ်ပါတယ်။ ယမင်းပုံမှန်လေး အနုပညာအလုပ်တွေကို ဖြည်းဖြည်းခြင်းလုပ် သွားနေမှာပါ။ ယမင်းအခု ဆံပင်ပုံစံလေး ချိန်းထားတယ်။ ယမင်းက ဆံပင်ရှည်မထားဘူးဘူး ဆံပင်ရှည်ရင် မကြိုက်ဘူး။ ဆံပင်ရှည်ရင် ကိုယ်နဲ့ မလိုက်ဘူးထင်လို့ အတိုလေးပဲထား ဖြစ်တယ်။ အခုပုံစံလေးလဲ ချိန်းလိုက်တော့ Facebook ပေါ် ပုံလေးတွေ ပြန်တင်ပေးမှာပါ။ ယမင်းကို ချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အချစ်ရေးကတော့ တယောက်တည်းပါပဲ”လို့ ယမင်းမေဦးက ပြောပါတယ်။

ယမင်းမေဦးဟာ “သရဲဆိုတာ ဂျိုနဲ့လားဟေ့” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ရန်အောင်၊ မို့မို့မြင့်အောင်တို့ရဲ့သမီးအဖြစ်၊ ဇွဲပြည့်ရဲ့ ချစ်သူအဖြစ် ပါဝင်သရုပ်ဆောင်ထားရာမှ ပရိသတ်တွေအားပေးမှုရရှိလာတာ ဖြစ်ပါတယ်။ အခုဆိုရင် ဗီဒီယို ဇာတ်ကားတွေ လက်ခံရိုက်ကူးနေရသလို ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးလက်ခံဖြစ်နေတယ်လို့ သိရပါတယ်။

The post ဗီဒီယိုဈေးကွက် ပျက်သွားချိန်မှာ ယမင်းက ဟိုမရောက်၊ ဒီမရောက် ဖြစ်သွားတယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...