အဆိုတော် Chris Brown ဟာ ချစ်သူဟောင်း Rihanna ရဲ့ ဘဝထဲကို တဖန်ပြန်လည် ဝင်ရောက်ဖို့ ပရိသတ်တွေရဲ့ ထာဝရ တားမြစ်မှုကို ခံထားရတဲ့ပုံပါပဲ။
သစ္စာရှိတဲ့ ပရိသတ်တွေဟာ Barbadian အဆိုတော် Rihanna က ဗားဂျီးနီးယားပြည်နယ်မှ Rap အဆိုတော် Chris ရဲ့ နှိပ်စက်မှုကို ၂၀၀၉ ခုနှစ်မှာ ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့အကြောင်းကို မမေ့နိုင်ကြသေးဘဲ Instagram အကောင့်မှာ ပရောပရီ လုပ်ဖို့ အခုလိုမျိုး ကြိုးစားခဲ့ပြီးတဲ့နောက် နောက်တခါ အနားလာဖို့ မကြိုးစားပါနဲ့ဆိုပြီး သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
Rihanna ဟာ ခန္ဓာကိုယ်အထက်ပိုင်း အဝတ်ဗလာနဲ့ Sexy ကျတဲ့ ဓာတ်ပုံတပုံကို လူမှုကွန်ရက်မီဒီယာမှာ တင်ခဲ့ပြီး အနီရောင် ရေကူးဝတ်စုံ အတွင်းခံဘောင်းဘီကိုတော့ ဝတ်ဆင်ထားပါတယ်။ အိပ်ရာတခုပေါ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး ခန္ဓာကိုယ်အရှေ့ပိုင်းကို အဝတ်အဖြူစ တခုနဲ့ ကာထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီပုံမှာ Chris က သီးခြားပို့စ် နှစ်ခုမှာ မျက်နှာနီရဲနေတဲ့ Emoji တခုနဲ့ စာလာရေးသားခဲ့ပါတယ်။
ဒါပေမဲ့ Rihanna ဟာ သူ့ရဲ့မှတ်ချက်တွေကို တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ဘဲ သူ့အကောင့်ထဲက Follower တွေကတော့ Chris ရဲ့ အဲဒီလိုလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သိပ်သဘောတွေ့ပုံ မရကြပါဘူး။
ပရိသတ်တဦးက “Rihanna နဲ့ အဝေးမှာနေပါ။ အဝေးမှာပဲ နေပေးပါ” လို့ ရေးသားခဲ့သလို့ အခြားပရိသတ်တဦးကလည်း “သူ့ကို တယောက်တည်းထားပေးပါ စိတ္တဇကောင်ရဲ့”လို့လည်း ရေးခဲ့ပါတယ်။
တချို့ကတော့ Chris ရဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လု့ိ သူတို့ချစ်တဲ့ အနုပညာရှင်ကိုယ်စား ခံပြင်းနေကြတုန်းပါ။ Rihanna နဲ့ Chris Brown တို့ဟာ ၂၀၀၈ ခုနှစ်မှာ စတွဲခဲ့ကြတာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဂရမ်မီဆုပေးပွဲ မတိုင်မီ နံနက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လုပ်ဆောင်ခဲ့တဲ့အတွက် Chris ဖမ်းဆီးခံခဲ့ရပါတယ်။
Rihanna နဲ့ အဝေးမှာနေဖို့ ၅ နှစ် ကန့်သတ်ခံခဲ့ရပြီး လူမှုဝန်ထမ်းအလုပ် ရက်ပေါင်း ၁၈၀ နဲ့ အိမ်တွင်းအကြမ်းဖက်မှု ဆန့်ကျင်ရေးအစီအစဉ်တခုမှာ တနှစ်လောက် ပါဝင်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ နှစ်အနည်းငယ်ကြာပြီးတဲ့နောက် အချစ်ရေး တခန်းပြန်လည်စတင်ခဲ့ပြီး လပေါင်းများစွာကြာ ကွဲလိုက်တွဲလိုက် ဖြစ်နေရာကနေ ၂၀၁၃ ခုနှစ်မှာ တရားဝင် လမ်းခွဲခဲ့ကြပါတယ်။
Ref: aceshowbiz
The post ချစ်သူဟောင်း Rihanna ရဲ့ Sexy ပုံမှာ Comment ပေးမိလို့ ဝေဖန်ခံနေရတဲ့ Chris Brown appeared first on ဧရာဝတီ.