Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အကြွေး ပြန်မဆပ်နိုင်တဲ့ မိဘတွေကြောင့် အဆိုတော် ရိန်းတယောက် အွန်လိုင်းမှာ ဂယက်ရိုက်

$
0
0

Rain Company ဟာ ကိုရီးယားအဆိုတော်၊ သရုပ်ဆောင် ရိန်း (Rain) ရဲ့ မိဘတွေကို စွပ်စွဲထားတာတွေနဲ့ ပတ်သက်လို့ တရားဝင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးခင်တုန်းပဲ အွန်လိုင်းပေါ်က ပို့စ်တခုမှာ အဆိုတော် ရိန်း (Rain) ရဲ့ မိဘတွေဟာ ပို့စ်ပိုင်ရှင်ရဲ့ မိဘတွေဆီကနေ ချေးငှားခဲ့တဲ့ ပိုက်ဆံကို ပြန်မဆပ်ဘဲ ပျောက်သွားခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီ ပို့စ်အရ ပို့စ်ပိုင်ရှင်ရဲ့ မိဘတွေဟာ ဆန်စတိုးတခုကို ဖွင့်ထားပြီး ရိန်းရဲ့ မိဘတွေဟာ ၁၉၈၈ ခုနှစ်မှာ ဆိုးလ်မြို့ရဲ့ Yong Moon ဈေးမှာ ဆန်မုန့်ဆိုင်တဆိုင် ဖွင့်ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီပို့စ်ပိုင်ရှင်က “သူတို့(ရိန်းရဲ့မိဘတွေ)ဟာ ဆန်တန်ဖိုး ခန့်မှန်းချေ ဝမ် ၁၇ သန်းဖိုး နဲ့ငွေသား ဝမ် ၈ သန်းချေးသွားခဲ့ပါတယ်။ ကျနော်တို့ ပိုက်ဆံပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့က အခက်အခဲရှိတဲ့ အကြောင်း ပြန်ပြောခဲ့ပြီး ပိုက်ဆံပြန် မပေးခဲ့ပါဘူး”လို့ ဖော်ပြရေးသားထားပါတယ်။

အဆိုပါ အင်တာနက်အသုံးပြုသူဟာ ကတိပြုစာလွှာ မိတ္တူတခုကိုလည်း တင်ခဲ့ပြီး “ကျနော့်ရဲ့ မိဘတွေဟာ အခု အသက် ၅၀ ကျော်နေပါပြီ။ ကျနော် ရိန်းဆီကို စာရေးပြီး ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ တရားစွဲဖို့ အချိန်ကလည်း ကျော်လွန်ခဲ့ပါပြီ။ တရားစွဲဆိုဖို့လည်း မတတ်နိုင်ပါဘူး။ အခုပဲဖြစ်ဖြစ် ပိုက်ဆံပြန်ပေးပါ” လို့ ရေးသားခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာတော့ Rain Company ရဲ့ သတင်းရင်းမြစ်တခုက “အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ သတိကြီးကြီးထားတုံ့ပြန်ဖို့ တရားဝင် ကြေညာချက်တခု ထုတ်ပြန်ရေး နောက်ကျနေတာကို နားလည်ပေးဖို့” တောင်းဆိုခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ကုမ္ပဏီဟာ ဒီပြဿနာ မှန်ကန်ခြင်း ရှိ၊ မရှိ စစ်ဆေးနေပြီး ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ရိန်းရဲ့ မိခင်က ပိုက်ဆံချေးခဲ့သလားဆိုတဲ့ တဖက်ရဲ့ ပြောကြားချက်ရှိတာကြောင့် ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ အမြန်ဆုံးတွေ့ဆုံသွားဖို့၊ အကြွေးရှိ၊ မရှိ စစ်ဆေးဖို့နဲ့ အဖြေတခု ထွက်ပေါ်လာဖို့ အကောင်းဆုံးလုပ်ဆောင် သွားမယ့်အကြောင်း ပြောဆိုထားပါတယ်။

အခုလိုမျိုး ချေးငွေကိစ္စနဲ့ပတ်သက်လို့ ပြဿနာတက်ခဲ့တဲ့ အနုပညာရှင်တွေမှာတော့ ရိန်းတယောက်တည်း မဟုတ်ပါဘူး။ အဆိုတော် Dok2 ရဲ့မိခင်ဟာလည်း အခုလိုမျိုး စွပ်စွဲချက်နဲ့ ကြုံခဲ့ရပါသေးတယ်။

Ref: soompi

The post အကြွေး ပြန်မဆပ်နိုင်တဲ့ မိဘတွေကြောင့် အဆိုတော် ရိန်းတယောက် အွန်လိုင်းမှာ ဂယက်ရိုက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...