Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်ကားထဲကလို ချစ်ပေးနိုင်မယ့် ကောင်လေးမျိုး လိုချင်တဲ့ ရွှေသမီး

$
0
0

သရုပ်ဆောင် ရွှေသမီးက မကြာခင်ရုံတင်ပြသမယ့် “အဆိပ်ရှိလူရိုင်း” ကားထဲမှာ အမှတ်တရများစွာရှိသလို ဇာတ်ကားထဲက သရုပ်ဆောင် ခါရာလို ချစ်ပေးမယ့် ကောင်လေးမျိုး လိုချင်သွားတယ်လို့ ဆိုပါတယ်။

“အဆိပ်ရှိလူရိုင်းကားထဲမှာ အမှတ်တရတွေ အများကြီး ရှိတယ်။ ဟိုင်းဝေးလမ်းမှာပဲ ရိုက်ခဲ့ရတဲ့အတွက် ရိုက်ပြီးသွားတော့ ခြေထောက်တွေရော ကိုခါရာ ဆွဲပြေးထားတာတွေရော ဘာတွေနဲ့တိုက်လို့ တိုက်မိမှန်းမသိ ဘာနဲ့ထိခိုက်မိလို့ ထိခိုက်မိမှန်းမသိ ဒဏ်ရာတွေရတယ်”

“ကိုခါရာနဲ့ ကိုနိုင်းနိုင်းနဲ့လည်း ပထမဆုံးတွေ့တဲ့ကားဆိုတော့ ရင်ခုန်ပါတယ်။ အစ်ကိုတွေ နှစ်ယောက်ကြားမှာ အဆင်မပြေမှာ ညှိလို့ မရမှာမျိုးတွေလည်း စိုးရိမ်မှုရှိခဲ့တယ်။ သူတို့နှစ်ယောက် ချတဲ့ အခန်းမှာ ညီမ ကားတက်မောင်းရတယ်။ ကားက အရှိန်နဲ့ သွားရမယ့် အခန်းဆိုတော့ ညီမကို ဦးစတီးလ်က သေချာမှာထားတယ်။ လုံးဝ လီဗာကို အဆုံးနင်းပြီး မောင်းရတာပေါ့”လို့ ရွှေသမီးက ပြောပါတယ်။

“ဒါရိုက်တာပြောတဲ့အတိုင်း လုပ်လိုက်တာ နည်းနည်းလှမ်းတော့ သူတို့ရိုက်ပြီးလား မပြီးလား မသိဘူး။ ရိုက်ပြီးပြီ ထင်ပြီးကားကို ဘေးဆွဲချလိုက်တာ ဘေးနားကနေ Express ကြီး ဖြတ်သွားတာ လန့်သွားတာ။ ဒါတွေက အမှတ်တရပေါ့။ အမြန်လမ်းမှာ ကားကိုအရှိန်ပြင်းပြင်းနဲ့ မမောင်းဖူးဘူး။ ကိုခါရာနဲ့ ဒီကားထဲမှာ အတူတူတွဲ သရုပ်ဆောင် အခန်းတွေ ပြန်ကြည့်တော့ ကိုယ့်ကို အဲ့လို ချစ်ပေးမယ့် ကောင်လေးမျို းရချင်သွားတယ်။ အပြင်မှာတော့ အဲ့လိုလူမျိုးနဲ့ မတွေဖူးသေးဘူး”လို့ ရွှေသမီးက ပြောပါတယ်။

ရွှေသမီးက လက်ရှိမှာတော့ ဇာတ်လမ်းတွေကို သေချာလေးရွေးချယ် ရိုက်ကူးနေသလို ဇာတ်လမ်းကောင်းရင်တော့ အခန်းနည်းနည်းများများ လက်ခံဖြစ်တယ်လို့ ဆိုပါတယ်။

“အခုချိန်မှာ ကိုယ်တိုင် ဇာတ်လမ်းတွေကို ရွေးချယ်နေရပြီဆိုတော့ သေချာလေးတော့ရွေးချယ်ရတာပေါ့။ ကာရိုက်တာနဲ့ လိုက်မယ့် ကိုယ်လုပ်နိုင်မယ်လို့ ထင်တဲ့ ကာရိုက်တာကို လက်ခံဖြစ်တယ်။ အဓိကကတော့ ဇာတ်လမ်းပေါ့။ ဇာတ်လမ်း ကောင်းရင်တော့ အခန်းနည်းနည်းများများ ညီမ လက်ခံပြီး ရိုက်ကူးဖြစ်တယ်။ ကားတကားမှာ ဇာတ်လမ်းနဲ့ သွားတာ ဖြစ်တဲ့အတွက် ဇာတ်လမ်းကောင်းရင်တော့ လက်ခံဖြစ်ပါတယ်”လို့ ရွှေသမီးက ပြောပါတယ်။

ရွှေသမီးဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီး တယောက်ဖြစ်ပြီး ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေ အများအပြား ရိုက်ကူးထားသူလည်း ဖြစ်ပါတယ်။

The post ဇာတ်ကားထဲကလို ချစ်ပေးနိုင်မယ့် ကောင်လေးမျိုး လိုချင်တဲ့ ရွှေသမီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...