Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မျက်နှာက Cute ဖြစ်နေတာကို သဘောမကျတဲ့ ပိုင်အုပ်စိုးအောင်

$
0
0

တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ အပြင် Facebook ပေါ်ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် ပိုင်အုပ်စိုးအောင်ဟာ ပထမဆုံး စီးရီးတွဲ “နှလုံးသားနှင့် အနီးဆုံး” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

“’နှလုံးသားနှင့် အနီးဆုံး’ ဇာတ်လမ်းတွဲမှာ ဂျစ်ကန်ကန်နဲ့ သရုပ်ဆောင်ထားတာက မုန်းဖို့ မကောင်းဘဲ ကလေးဆိုး ဆိုးနေတဲ့ပုံစံ ဖြစ်နေပေမယ့် ပရိသတ်တွေက ချစ်ပေးပါတယ်။ ဒီကားထဲမှာတော့ ဇာတ်ကို ပို့ပေးရတာပေါ့။ ပြဿနာတွေ ရှာတယ်။ ပြဿနာတွေ တက်တော့ ဦးလေးတွေ အဒေါ်တွေက လိုက်ရှင်းပေးတယ်”လို့ ပိုင်အုပ်စိုးအောင်က ပြောပါတယ်။

“ကျနော့်အတွက်တော့ ဒီစီးရီးက ပထမဆုံး ဇာတ်လမ်းတွဲ။ ပြန်ကြည့်ချိန်မှာတော့ ကျနော်ကိုယ် ကျနော်သဘောကျတယ်။ အရပ်မောင်း သဘောကျတယ်။ သဘောမကျတာက ကျနော့် မျက်နှာပေါ့။ ကျနော် မျက်နှာက Cute ဘက်သွားနေတယ်။ အဲ့ဒါတော့ သိပ်သဘောမကျဘူး။ ကလေးရုပ်ပေါက်နေတယ်။ နောက်ပိုင်းတော့ GYM တွေပါတွေ ဆော့လိုက်ရင် ပြောင်းသွားမယ် ထင်တယ်”လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး “အရင်ကဆိုရင် ကျနော်ကို လူငယ်တွေပဲ သိတာ။ အခုဆိုရင် ကျနော်ကို လူကြီးတွေသိလာတယ်။ ခရီးသွားတော့ သားကားလာရင် ကြည့်တယ်ဆိုပြီး ပြောကြတော့ ဝမ်းသာတယ်။ ဇာတ်လမ်းတွဲတွေ နောက်ပိုင်းရိုက်ဖို့ရှိပါတယ်”လို့ ပိုင်အုပ်စိုးအောင်က ပြောပါတယ်။

ပိုင်အုပ်စိုးအောင်က အနုပညာလောကကို မော်ဒယ်ပိုင်းနဲ့ စတင်လုပ်ကိုင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းကို ကူးလာခဲ့သူတဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာ Music Video တွေ ရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။ သီချင်းဆိုတာကို ဝါသနာပါပေမယ့် မကျွမ်းကျင်တဲ့အတွက် မလုပ်ဖြစ်ဘူးလို့လည်း ပိုင်အုပ်စိုးအောင်က ဆိုပါတယ်။

ပိုင်အုပ်စိုးအောင်ကို ပရိသတ်က “နှလုံးသားနှင့် အနီးဆုံး” ဇာတ်လမ်းတွဲမှာ သတိထားမိကြပြီး ဒီဇာတ်လမ်းတွဲမျာတော့ ကောင်းမြတ်စံ၊ စွမ်းထက်ညီညီ၊ နန်းစန္ဒာလှထွန်း၊ ပိုင်အုပ်စိုးအောင်တို့နှင့် အဆူသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆာင်ထားပါတယ်။

The post မျက်နှာက Cute ဖြစ်နေတာကို သဘောမကျတဲ့ ပိုင်အုပ်စိုးအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...