Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လက်ဝှေ့သမားဟောင်း Rocky အဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ကြောင်း စတားလုံးပြော

$
0
0

ဆယ်စုနှစ် ၄ ခုကျော်နဲ့ ရုပ်ရှင်ပေါင်း ၈ ခုကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက် မင်းသားကြီး ဆေဗက်စတာ စတားလုံးက Rocky လက်အိတ်တွေကို နောက်ဆုံးတော့ ချွတ်ဖို့အချိန်ရောက်ပြီဖြစ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်၊ Instagram မှာ ဝေမျှခဲ့တဲ့ ဗီဒီယိုမှာ အသက် ၇၂ နှစ်အရွယ် မင်းသားကြီးက မကြာသေးခင်တုန်းက ဖြန့်ချိခဲ့တဲ့ “Creed II” ရုပ်ရှင်မှာ ကမ္ဘာကျော်ဇာတ်ကောင် Rocky အဖြစ် သရုပ်ဆောင်ခဲ့တာ နောက်ဆုံးဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသားကြီးစတားလုံးက “Rocky ဟာ ၂၀၀၆ ခုနှစ်မှာ ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာပါ။ အဲဒီလိုနဲ့ပဲ ကျနော် ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလူငယ်လေးက ရုတ်တရက် ထွက်လာပြီး ဇာတ်လမ်းတခုလုံးက ပြောင်းလဲသွားခဲ့ပါတယ်” လို့ တွဲဖက်သရုပ်ဆောင် Michael B. Jordan ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

သူက “မျိုးဆက်အသစ်၊ ပြဿနာအသစ်နဲ့ စွန့်စားမှုအသစ်တွေဆီသွားမှာပါ” လို့လည်း ပြောဆိုထားပါတယ်။ “Creed” ရုပ်ရှင်တွေကို Rocky ရဲ့ဇာတ်လမ်းကို အခြေခံပြီး ဆက်လက်ရိုက်ကူးခဲ့တဲ့အပြင် မူလ တက်သစ်စ လက်ဝှေ့သမားအဖြစ်ကနေ နည်းပြတဦးအရွယ်၊ အနားယူလိုက်ပြီဖြစ်တဲ့ သက်လတ်ပိုင်းအရွယ် ချန်ပီယံဟောင်းအထိ မြင်တွေ့ခဲ့ကြရပါတယ်။

စတားလုံးက ၁၉၇၆ ခုနှစ်မှာ စတင်ခဲ့တဲ့ Rocky ဇာတ်လမ်း အရှည်ကြီးဆက်သွားနေတာကို သူဝမ်းမသာနိုင်ဘူးလို့လည်း ဆိုပါတယ်။ သူက “ကျနော် နောက်ဆုတ် လိုက်ပေမယ့် ကျနော့် အကြောင်းကို ပြောနေကြဦးမှာပါ။ ဒီမျိုးဆက်အတွက်၊ ဒီပရိသတ်အတွက် လမ်းဖွင့်ပေးထားတဲ့ ကမ္ဘာသစ်တခုက ရှိလာဦးမှာပါ”လို့ ပြောဆိုခဲ့ပြီး အစစအရာရာကို မင်းသား Jordan ထံ လက်လွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။

ပထမဆုံး Rocky ရုပ်ရှင်ဟာ “အကောင်းဆုံး ဇာတ်ကားဆု”၊ “အကောင်းဆုံး ဒါရိုက်တာဆု”နဲ့ “အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု”တို့ အပါအဝင် အကယ်ဒမီဆု ၃ ခု ရရှိခဲ့ပါတယ်။ အဲဒီရုပ်ရှင်တွေထဲက Rocky ဇာတ်ရုပ်နဲ့ပဲ မင်းသားကြီးစတားလုံးဟာ ၃ ကြိမ်တိုင်တိုင် ဆုဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Ref: asiaone

The post လက်ဝှေ့သမားဟောင်း Rocky အဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ကြောင်း စတားလုံးပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...