Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ချစ်သူ နန်းဆုရတီစိုးနဲ့ အချစ်ရေး အေးဆေးပါပဲ”လို့ ဆိုလာတဲ့ အဆိုတော် G Fatt

$
0
0

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးက လမ်းခွဲလိုက်ပြီလို့ သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ အချစ်ရေးက အေးဆေးဖြစ်သွားပြီလို့ ဆိုပါတယ်။

”ကျနော့် အသိဉာဏ်လေးနဲ့ ဒီအခြေအနေကို အငြိမ်ဆုံးဖြစ်အောင် ကျနော်ထိန်းခဲ့တယ်။ အဲ့ဒီအတွက် ဒီပြဿနာတွေအပေါ်မှာ ကျနော် ဘာကိုမှ မသုံးသပ်ချင်ပါဘူး။ ကျနော်တို့ နှစ်ယောက်ကို တယောက်လို့ပဲ မြင်စေချင်တယ်။ တယောက်တည်းဘက်ကပဲ မှားတယ် လို့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်”လို့ G Fatt က ပြောပါတယ်။

“အခြေအနေက အေးဆေးဖြစ်သွားပါပြီ။ အဲ့အကြောင်းတွေကို ပြန်မပြောချင်ပါဘူး။ ကျနော်ပြန်ရှင်းပြရင် ဘယ်သူ့ ဘယ်သူအတွက်မှ အကျိုး မရှိတဲ့အတွက် ကျနော်တို့မှ ားခဲ့တာ လွန်ခဲ့တာရှိရင် တောင်းပန်ပါတယ်။ အရမ်းတော့ ချော့လိုက်ရလားဆို မိန်းကလေးဆိုတော့လည်း အချော့ကြိုက်တယ်။ ဒါပေမဲ့ ယောကျာ်းလေးတွေကလည်း အချော့ကြိုက်ပါတယ်”လို့ G Fatt က ဆိုပါတယ်။

“ကိုယ်ကချည်းပဲ ချော့နေရတာ မဟုတ်သေးဘူးလေ။ အခု နန်းဆု ကမ်းခြေက ပုံလေးတွေကို ကျနော်ကိုယ်တိုင် ရိုက်ပေးတာ ဖြစ်တဲ့အတွက် သဝန်တိုစရာ မရှိပါဘူး”လို့လည်း G Fatt က ပြောပါတယ်။

G Fatt က အနုပညာလုပ်ငန်းကို အချိန်ပေးလုပ်ကိုင်နေတာကြောင့် စီးပွားရေးကို စဉ်းစားတာတွေ ရှိပေမယ့် မလုပ်ကိုင်နိုင်သေးဘူးလို့ ဆိုပါတယ်။

“လတ်တလောကတော့ Live ရှိုးခွေ ထွက်ဖို့ ပြင်ဆင်နေတာရယ်။ တတိယခွေ ထွက်ဖို့ ပြင်ဆင်နေတာရယ်။ မန္တလေးမှာ One Man Show လုပ်ချင်တာရယ်။ အဲ့အိမ်မက်လေး ရှိနေသးတာတွေကို တဖြည်းဖြည်းချင်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်။ စီးပွားရေးလုပ်ဖို့ စဉ်းစားထားတာတွေတော့ ရှိတယ်”

“အကောင်အထည်ဖော်ဖို့က အနုပညာလုပ်ငန်းတွေကို အကောင်အထည်ဖော်နေတာကြောင့် မလုပ်နိုင်သေးဘူး။ ကျနော့်တီရှပ်လေး လုပ်ခဲ့တယ်။ ဒါတွေကို ဆက်လုပ်မှာပါ။ တီရှပ်ထုတ်တာက စီးပွားရေး ဆန်ဆန်ကြီး မဟုတ်ဘဲ ကျနော်ကိုယ်တိုင် ဝတ်ချင်တာ ကျနော် ပရိသတ်ကို ဝတ်စေချင်တာကြောင့် ထုတ်ခဲ့တာ။ အနုပညာဘက်မှာ စိတ်နှစ်ခဲ့တာကြောင့် ကျနော်တဖက်မှာ လျော့တယ်။ အချိန်က လုနေရတာကြောင့် အနုပညာကိုပဲ ဖိပြီးလုပ်မှာပါ”လို့ G Fatt ကို ပြောပါတယ်။

G Fatt ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ မှာ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်းတွေ ဖြစ်ကြတဲ့ Frenzo Production က စိုင်းစိုင်းခမ်းလှိုင်၊ Bunny Phyo၊ Snare၊ ဖြူဖြူကျော်သိန်းတို့အပြင် အခြားသော အနုပညာရှင်များနဲ့အတူ နန်းဆုရတီစိုးကလည်း ပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။

G Fatt ဟာ ဂီတလောကထဲမှာ မိန်းကလေး ပရိသတ်ရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူ တဦးဖြစ်ပါတယ်။ လက်ရှိမှာ ရှိုးပွဲတွေ ဆက်တိုက် ဆိုဖြစ်နေတဲ့ G Fatt က တကိုယ်တော် အခွေဖြစ်တဲ့ “120/B” ဆိုတဲ့ အခွေကို နောက်ဆုံး ထွက်ရှိထားပါတယ်။

The post “ချစ်သူ နန်းဆုရတီစိုးနဲ့ အချစ်ရေး အေးဆေးပါပဲ”လို့ ဆိုလာတဲ့ အဆိုတော် G Fatt appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...