Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ခုနှစ်အတွင်း Twitter မှာ “လွှမ်းမိုးနိုင်မှုအရှိဆုံး ပုဂ္ဂိုလ်”ဖြစ်လာတဲ့ Taylor Swift

$
0
0

အဆိုတော် Taylor Swift ဟာ Twitter မှာ Follower အများဆုံးပုဂ္ဂိုလ် မဟုတ်ပေမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ “လွှမ်းမိုးနိုင်မှုအရှိဆုံး ပုဂ္ဂိုလ်”ဆိုတဲ့ ဂုဏ်ကို ရရှိသွားပြီဖြစ်ပါတယ်။ သူဟာ Instagram မှာ Follower ပိုမို များပြားပေမယ့် ၂၀၁၈ ခုနှစ် တနှစ်လုံးမှာ သူဟာ ပို့စ်ပေါင်း ၁၃ ခုကို တင်ခဲ့ပါတယ်။

Twitter ပေါ်မှာရှိတဲ့ ပို့စ်တိုင်းရဲ့ လွှမ်းမိုးနိုင်မှု အချက်အလက်တွေကို ကောက်ခံခဲ့တဲ့ Bandwidth ရဲ့ လွှမ်းမိုးနိုင်မှုအရှိဆုံး စာရင်းမှာ “Blank Space” သီချင်းအဆိုတော် Taylor Swift က ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။

အမှတ် ၁၀၀ မှာ Taylor ဟာ အံ့သြလောက်ဖွယ် ၉၈ မှတ်အထိ ရရှိခဲ့တာကို တွေ့ရပါတယ်။ သူ့ရဲ့ အကောင့်မှာ Follower များပြားမှု၊ သူ့ရဲ့ ပို့စ်တွေကို ပြန်လည် ဝေမျှမှုနဲ့ မှတ်ချက်ပေးမှုတွေကြောင့် လူတွေအပေါ် “လွှမ်းမိုးနိုင်မှုအရှိဆုံး ပုဂ္ဂိုလ်” ဖြစ်လာခဲ့ပြီး ပိုကောင်းတဲ့ ရလဒ် ရရှိခဲ့တဲ့အကြောင်း Brandwatch ရဲ့ အချက်အလက်ဆိုင်ရာ သတင်းထောက် Gemma Joyce က ပြောဆို လိုက်ပါတယ်။

Twitter ပေါ်မှာ ပို့စ်များများတင်တာဟာ လွှမ်းမိုးနိုင်မှုရှိတယ်လို့ မဆိုလိုတဲ့ အကြောင်းလည်း သူကပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ထိပ်ဆုံး ၁၀ နေရာထဲဝင်ခဲ့တဲ့ Justin Bieber ဟာ အခုတော့ Twitter ကို အသုံးနည်းလာခဲ့တယ်လို့ဆိုပြီး သူလည်း သုံးစွဲသူတွေအပေါ် ချိတ်ဆက်မှု ကြီးကြီးမားမားတွေ လုပ်ဆောင်နိုင်သေးတဲ့ သူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးတွေကို သီးခြား ခွဲထုတ်ပြီး Bandwidth က Twitter မှာ လွှမ်းမိုးနိုင်မှုအရှိဆုံး အမျိုးသားနဲ့ အမျိုးသမီးတွေအဖြစ် ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်အတွက် Twitter တွင် လွှမ်းမိုးနိုင်မှုအရှိဆုံးအမျိုးသားများ

1. Liam Payne (ရမှတ်: 97)
2. Donald Trump (ရမှတ်: 96)
3. Justin Bieber (ရမှတ်: 95)
4. Barack Obama (ရမှတ်: 95)
5. Cristiano Ronaldo (ရမှတ်: 95)

၂၀၁၈ ခုနှစ်အတွက် Twitter တွင် လွှမ်းမိုးနိုင်မှုအရှိဆုံးအမျိုးသမီးများ

1. Taylor Swift (ရမှတ်: 98)
2. Katy Perry (ရမှတ်: 96)
3. Kim Kardashian West (ရမှတ်: 96)
4. Demi Lovato (ရမှတ်: 96)
5. Ellen DeGeneres (ရမှတ်: 95)

Ref: etcanada

The post ၂၀၁၈ ခုနှစ်အတွင်း Twitter မှာ “လွှမ်းမိုးနိုင်မှုအရှိဆုံး ပုဂ္ဂိုလ်” ဖြစ်လာတဲ့ Taylor Swift appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...