Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆွေမျိုးပါမေ့သွားစေမယ့် နေဝင်းရဲ့ တကိုယ်တော်အခွေ

$
0
0

Snare အဖွဲ့မှ ပထမဆုံးအကြိမ် ခွဲထွက်ပြီး ပထမဆုံးတကိုယ်အခွေ ထွက်ရှိလာတဲ့ အဆိုတော်နေဝင်းကတော့ သူ့ရဲ့တကိုယ်တော်အခွေကို နားထောင်ပြီး ဆွေမျိုးပါမေ့သွားမယ်လို့ ပြောပါတယ်။

“ဆွေမျိုးပါမေ့ ဆိုပြီး ပေးဖြစ်တာကတော့ ကျနော် တနိုင်ငံလုံးကို ထမင်းဖိတ်ကျွေးတဲ့ သဘောမျိုးပဲ။ကျနော်ကိုယ်တိုင် ချက်ထားတဲ့ ထမင်းတွေဟင်းတွေကို ကျနော် တနိုင်ငံလုံးကို ဖိတ်ကျွေးတာ။ကျနော်ချက်ထားတဲ့ ဟင်းတွေကို စားလိုက်တဲ့အခါမှာ ဆွေမျိုးပါမေ့သွားစေမယ့် စိတ်နဲ့ ဒီနာမည်လေးကိုပေးခဲ့တာ”လို့ နေဝင်းက ပြောပါတယ်။

အဆိုပါ တကိုယ်တော်အခွေကိုတော့ “ဆွေမျိုးပါမေ့”လို့ နာမည်ပေးထားပြီး သီချင်းများအားလုံးကိုတော့ နေဝင်းက သူကိုယ်တိုင် ဖန်တီးရေးသားထားတယ်လို့ ပြောပါတယ်။

“သီချင်းအားလုံး ၁၃ ပုဒ်ပါ။ သီချင်းအားလုံးကို ကိုယ်တိုင်ရေးထားတာပါ။ ဟစ်ဟော့ကို အခြေခံထားတဲ့ သီချင်းတွေပါပဲ။ ဟစ်ဟော့ကိုမျိုးစုံ လုပ်ထားတယ်။ အဓိကကတော့ ဟစ်ဟော့ကို အခြေခံပြီးတော့ ဘယ်အရာကိုမှ မခွဲခြားဘဲ လုပ်ထားတာပေါ့နော်။ ထမင်းဝိုင်းထဲမှာ ဆီပြန်ဟင်းချည်းပဲ မကောင်းဘူး။ အရည်သောက်လေးလည်း ပါမယ်။ အချိုတည်းတာလေးလည်း ပါမယ်။ စပ်တာလေးလည်းပါတယ်။ အဲဒီလိုပေါ့”လို့နေဝင်းက ပြောပါတယ်။

တကိုယ်တော်အခွေအနေနဲ့ တယောက်တည်း ခွဲထွက်ပြီး အခွေထွက်လာပေမယ့် Snare အဖွဲ့ကတော့ ပုံမှန်အတိုင်း ရှိနေမှာဖြစ်ပြီး တယောက်ချင်းရဲ့ပုံစံကို ဖော်ပြချင်တာကြောင့် တကိုယ်တော်အခွေကို လုပ်ဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

“Snare အဖွဲ့ကလည်း လူငယ်တွေကြားထဲမှာ သူ့ဟာနဲ့သူ အနေအထားကလည်း ရှိပြီးသားဆိုတော့ Snare ဘာဖြစ်သွားတာလဲတို့ ဘာတို့ဆိုတာက Snare က ဘာမှ မဖြစ်ဘူး။ ကျနော်တို့အရိပ်က ကျနော်တို့ ပိုင်တယ်။ သူက လိုက်မှာပဲ။ ကျနော်တို့က ဒီအဖွဲ့ထဲကဖြစ်တဲ့အတွက် အရိပ်တွေကပါနေမှာပဲ။ အဓိကကတော့ Snare အဖွဲ့မှာ ဆိုခဲ့တဲ့ပုံစံတွေနဲ့ မတူဘဲ ပြောင်းလဲပြီးတော့ ဆိုထားတယ်။ အဓိကက အဲဒါကို မြင်ရမှာပေါ့” လို့နေဝင်းက ပြောပါတယ်။

Snare အဖွဲ့မှ ဖြိုးလေးအနေနဲ့လည်း တကိုယ်တော်အခွေ ထွက်လာဖို့ရှိပြီး အဆိုပါအခွေထဲမှာလည်း နေဝင်းက ပါဝင်သီဆိုသွားဦးမယ်လို့ သိရပါတယ်။

“အခုက Snare ခေါင်းစဉ်အောက်မှာမဟုတ်ဘူး။ နေဝင်းပေါ့။ နေဝင်းခေါင်းစဉ်အောက်မှာနေဝင်းရှိတယ်။ ဒီ Snare မတိုင်ခင်ကတည်းက ကျနော်တို့က တယောက်တည်းသီချင်းတွေ လုပ်နေကျ အသားကျနေပြီ။ ၂၀၀၅ လောက်မှာ Hip Hop Vibration ဆိုတဲ့ အဖွဲ့နဲ့ အခွေတခွေ ထွက်ဖူးတယ်။ DVD ထိ ထွက်တယ်။ ၂၀၁၀ ရောက်တော့မှ Snare Rap Game ထွက်တယ်”

“ပြီးတော့ ၂၀၁၀ မှာ ဘကြီးဖြိုးနဲ့ ဦးနေဝင်း ထွက်တယ်။ ပြီးတော့ ၂၀၁၈ မှာ ပူးတွဲချန်ပီယံထွက်တယ်။ ပြီးတော့ ၂၀၁၈ မှာ ကျနော် Solo အခွေ ထွက်တယ်။ ကျနော့်အခွေထဲမှာလည်း ဖြိုးလေးနဲ့အတူ ဆိုထားတာပါတယ်။ ဖြိုးလေး အခွေထွက်ခဲ့ရင်လည်း ကျနော် ပါမယ်။ ကျနော်တို့က အေးဆေးပဲ။ တိုင်ပင်ပြီးမှ လုပ်တာဆိုတော့ ဘာပြဿနာမှ မရှိဘူး”လို့ နေဝင်းက ပြောပါတယ်။

နေဝင်းရဲ့ တကိုယ်တော်အခွေ “ဆွေမျိုးပါမေ့”ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ လှည်းတန်းစင်တာမှာ ပရိုမိုးရှင်းပြုလုပ်ပြီး ရောင်းချသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ မန္တလေးမှာ ပရိုမိုးရှင်းပြုလုပ်သွားမယ်လို့ သိရပါတယ်။

The post ဆွေမျိုးပါမေ့သွားစေမယ့် နေဝင်းရဲ့ တကိုယ်တော်အခွေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...