Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက် ၄၀ ပြည့်သွားပြီ ဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး

$
0
0

၁၉၇၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သရုပ်ဆောင် ပြေတီဦးက ဒီနေ့မှာ အသက် ၄၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ ပြေတီဦးက အသက် ၄၀ ပြည့်အနေနဲ့ ဒီနေ့မှာပဲ မှော်ဘီမြို့မှာရှိတဲ့ ဆရာတော်ဆေကိန္ဒရဲ့ ဓမ္မဒူတကျောင်းမှာ သာသနာ့ဘောင်ကို ဝတ်ခဲ့ပါတယ်။

မွေးနေ့မှာ သာသနာ့ဘောင် ဝင်သွားတဲ့ ပြေတီဦး

ပြေတီဦးက လက်ရှိမှာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး မင်းသားတဦးအဖြစ် ရပ်တည်နေပေမယ့် သရုပ်ဆောင်လောကကိုတော့ ခေါင်းဆောင် မင်းသားအနေနဲ့ စစချင်းဝင်ရောက်လာခဲ့တာ မဟုတ်ပါဘူး။ မြန်မာအသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့တဲ့ “မြန်မာစာ မြန်မာစကား” အစီအစဉ်မှာ ရိုက်ကူးခဲ့ပြီး သွားစွယ် သွားထပ်ပါတဲ့ ပြေတီဦးကို ပရိသတ်များက သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်ကာလမှာ ပြေတီဦးက ဇာတ်ကားများကို ဒုတိယနေရာ၊ ဇာတ်ပို့အဖြစ်သာ ရိုက်ကူးခဲ့ပြီး ၂၀၀၈ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သူရဲ့ မွေးနေ့ကို ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့ရာမှာတော့ ပြေတီဦးရဲ့ “အောင်မြင်မှုအစ”လို့ ပြောလို့ရအောင် ပရိသတ်များစွာ လာရောက်အားပေးခဲ့ကြပါတယ်။ ပြေတီဦးကို အများက ချစ်စနိုးနဲ့ “တီတီ” လို့လည်း ခေါ်ကြပါတယ်။

အဲဒီနောက် ပြေတီဦးကို “စိန်ဌေး” ရုပ်ရှင်ထုတ်လုပ်ရေးက ခေါင်းဆောင်မင်းသားအနေနဲ့ ဗီဒီယို ဇာတ်ကားများစွာနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ထုတ်လုပ် ရိုက်ကူးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ပြေတီဦးက အောင်မြင်တဲ့ မင်းသားတဦး ဖြစ်လာပါတယ်။ ပရိသတ်များက ဒရာမာကားတွေမှာ ပြေတီဦးရဲ့ သရုပ်ဆောင်ချက်တွေကို ပိုမိုအားပေးခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ “အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင် ၊ သက်မွန်မြင့်တို့နဲ့ အတူတူ သရုပ်ဆောင်ရင်း ၂၀၁၁ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”ကို ရရှိခဲ့ပါတယ်။ အဲဒီကားမှာ ပြေတီဦးက ဗီလိန်အဖြစ်သ ရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သက်မွန်မြင့်နဲ့ အတူတူ အကယ်ဒမီ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြေတီဦးဟာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်နဲ့ ၂၀၁၀ ခုနှစ်မှာ တကြိမ်၊၂၀၁၂ ခုနှစ်မှာ “လက်ပံ” ရုပ်ရှင်ကား၊ ၂၀၁၃ ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ကား၊ ၂၀၁၄ ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင်ကားတို့နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုများကို ရရှိခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ

ပြေတီဦးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး အိန္ဒြာကျော်ဇင်နဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ လက်ထပ်ခဲ့ပြီး အဲဒီအချိန်က မင်္ဂလာပွဲ ၇ ပွဲ ပြုလုပ်ခဲ့ကာ ပရိသတ် စိတ်ဝင်စားမှုအခံရဆုံး သတင်းလည်း ဖြစ်ခဲ့ပါတယ်။ ပြေတီဦးက အခုချိန်မှာတော့ “ပြေသုန္ဒြာ”လို့ခေါ်တဲ့သမီးတဦးနဲ့ “ပြေဓိရ” လို့ခေါ်တဲ့သားတဦးရဲ့ ဖခင်လည်းဖြစ်နေပါပြီ။

အနုပညာလမ်းကြောင်းမှာ အကယ်ဒမီ ထူးချွန်ဆုတွေကို ဆက်တိုက် ဆွတ်ခူးခဲ့ရရှိပြီး ပြေတီဦးက ပညာရေးမှာထူးချွန်ပြီး ဆေးတက္ကသိုလ်ဝင်တဲ့ ချို့တဲ့ ကျောင်းသားကျောင်းသူများအတွက် ပညာရေးငွေထောက်ပံ့ပေးတဲ့ “ပြေတီဦး ပညာရေးဖောင်ဒေးရှင်း”ကိုလည်း ထူထောင်ခဲ့ပါတယ်။

အနုပညာပိုင်းမှာလည်း အနုပညာပျိုးခင်းမှ မင်းသမီးအသစ်များကို စင်တင်ပေးတဲ့ အနုပညာရှင်များထဲမှာ တဦးအပါအဝင် ဖြစ်ခဲ့ပြီး ပြည်တွင်းသာမက ပြည်ပမှာဆိုရင် “တီတီနဲ့ ဒိုးနပ်” ဆိုတဲ့ ထိုင်းနဲ့ မြန်မာအတူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ထိုင်းမင်းသမီးနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ပြေတီဦးက အနုပညာအလုပ်အပြင် ကြက်တောင်ရိုက်၊ တင်းနစ်အားကစားမှာလည်း ထူးချွန်တဲ့ အနုပညာရှင်တဦးဖြစ်ပြီး ဒီအားကစားများနဲ့ ပတ်သက်ပြီး ဆုတံဆိပ်များ ရရှိထားသူလည်း ဖြစ်ပါတယ်။ အနုပညာလောကမှာ လူချစ်လူခင်များတဲ့ မင်းသားတဦးထဲမှာ ပါဝင်ပြီး အနုပညာလောကသား အချင်းချင်းကိုလည်း မုန့်ဖိုးပေးခြင်း၊ အလှူအဒါန်းများလည်း မကြာခဏလ ှူဒါန်းတတ်ခြင်းတို့ကြောင့် ပြေတီဦးက ငွေကြေးရက်ရောတဲ့ မင်းသားတဦးအဖြစ်နာမည်ကြီးသူတဦးလည်း ဖြစ်ပါတယ်။ ။

The post အသက် ၄၀ ပြည့်သွားပြီ ဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...